
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရစ် ချတ်မာလက်စ်တို့ဟာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း၊ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်တို့ နဲ့ Adelaide မြို့မှာ မနေ့ကကျင်းပတဲ့ နှစ်နိုင်ငံအစည်းအဝေးမှာ မြန်မာ့အရေးကိုလည်း ဆွေးနွေးခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဆိုးရွားလာမှု၊ မြန်မာ ပြည်သူတွေနဲ့ အိမ်နီးချင်းတိုင်းပြည်တွေအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိကြောင်း နှစ်နိုင်ငံဝန်ကြီးတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့၊ အရပ်သား တွေအပေါ် အကြမ်းဖက်အားလုံး ရပ်တန့်ဖို့နဲ့ မတရား ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့လည်း နှစ် နိုင်ငံဝန်ကြီးတွေက တိုက်တွန်းပါတယ်။
မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ စစ်ကောင်စီက အဟန့်အ တားမရှိ ခွင့်ပြုဖို့နဲ့ အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းကို ပြန်လျှောက်လှမ်းဖို့ ၎င်းတို့က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေး တုံ့ပြန်ရာမှာ အာဆီယံအဖွဲ့ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကိုလည်း ဩစတြေးလျ နဲ့ ဗြိတိန်ဝန်ကြီးတွေက ကြိုဆိုလိုက်ပါတယ်။
ထိုင်ဝမ်နဲ့ မြောက်ကိုရီးယားအရေး၊ အစ္စရေး-ဟားမာစ်ပဋိပက္ခနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း နှစ်နိုင်ငံဝန်ကြီးတွေက ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – https://www.minister.defence.gov.au
Ref; Joint Statement on Australia-UK Ministerial Consultations (AUKMIN) 2024