ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

တောင်ကိုရီးယားအလံ လွှင့်ထူထားတဲ့ ဓာတုကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်မှုမှာ အမှု ထမ်း ၈ ဦး သေဆုံးခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

အမှုထမ်း ၁၁ ဦးပါ အဆိုပါဓာတုကုန်တင်သင်္ဘောဟာ မနေ့ကမနက်ပိုင်းက ဂျပန်နိုင်ငံအနောက် ပိုင်း ကမ်းရိုးတန်းအလွန်မှာ တိမ်းမှောက်ခဲ့တာပါ။ သင်္ဘောအမှုထမ်းတစ်ဦးကို ကယ်တင်ခဲ့ပြီး ပျောက် ဆုံးနေတဲ့ အမှုထမ်းနှစ်ဉီးအတွက် ရှာဖွေနေဆဲဖြစ်ပါတယ်။

ယာမာဂူချီစီရင်စုရှိ ကျွန်းတစ်ခုဖြစ်တဲ့ Mutsurejima အနီး ရေပိုင်နက်အတွင်း ဓာတုကုန်တင် သင်္ဘောတစ်စင်းထံမှ မနက် ၇ နာရီဝန်းကျင်မှာ အချက်ပေးမှုတစ်ခု ရရှိခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

ကြမ်းတမ်းသော ရာသီဉတုကြောင့် အဆိုပါသင်္ဘောဟာ ပင်လယ်ပြင်မှာ ကျောက်ချထားခဲ့တာ လို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတွေက ပြောပါတယ်။

လောင်စာတင်သင်္ဘောပေါ်မှာ အင်ဒိုနီးရှားရှစ်ဉီး၊ တောင်ကိုရီးယားနှစ်ဉီးနဲ့ တရုတ်တစ်ဉီး ပါရှိ တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဆိုပါသင်္ဘော တိမ်းမှောက်ချိန်မှာ အဆိုပါဧရိယာမှာ လေပြင်း တိုက်ခတ်နေပြီး ပင်လယ်လှိုင်းဟာ အမြင့် ၃ ဒသမ ၅ မီတာအထိ ရရှိခဲ့ တယ်လို့ သိရပါတယ်။

ယင်းဓာတုကုန်တင်သင်္ဘောဟာ တနင်္လာနေ့က ကျိုဂိုစီရင်စုရှိ ဟီမဲဂျီဆိပ်ကမ်းကနေ တောင်ကို ရီးယားနိုင်ငံ၊ အူလ်ဆန်မြို့ကို ထွက်ခွာလာခဲ့တာလို့ ဂျပန် တာဝန်ရှိသူတွေက ဆိုပါတယ်။

အဆိုပါသင်္ဘောဟာ အက်ခရီလစ်အက်ဆစ် တန်ချိန် ၁၀၀၀ ခန့် သယ်ဆောင်လာပေမယ့် တိမ်း မှောက်ပြီးနောက် ယိုစိမ့်မှု ရှိ မရှိဆိုတာကိုတော့ တာဝန်ရှိသူတွေက အတည်မပြုခဲ့ပါဘူး။

ကိုးကား – NHK
Ref; S.Korean tanker capsizes off Japan, 8 crew members dead

#Ayeyarwaddy_Times