ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

မတ်လ ၂၁ ရက်မနက်ပိုင်းက Thong Pha Phum ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေသန္တရ အာဏာပိုင်တွေ၊ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၂၁ ရက် မနက် ၆ နာရီ ဝန်းကျင်မှာ Tha Khanum ရွာကရှိ ဆည်တစ်ခုအနီးက တောအုပ်တစ်ခုအတွင်း ပုန်းအောင်းနေတဲ့ မြန် မာနိုင်ငံသား အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို တွေ့ရှိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ချာ ကရစ်တန်ပီရွန်က ပြောပါတယ်။

ဖမ်းဆီးခံရသူအားလုံးဟာ တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား တွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရဖို့ အလုပ်အကိုင်ပွဲစားတွေကို ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ဉပဒေအရ အရေးယူဖို့ ဒေသန္တရ ရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တစ်ပတ်ကျော်ကာလအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မတ်လ ၁၃ ရက်ကလည်း Thong Pha Phum ခရိုင်မှာ တရားမဝင် ဝင်ရောက်သူ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၂၂ ဦးကို ထိန်းသိမ်းခဲ့ပါ တယ်။

ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ အလုပ်ပွဲစားတွေကို ဘတ် ၁၃၀၀၀ မှ ၁၅၀၀၀ အထိ ပေးခဲ့ရကြောင်း၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အလုပ်လုပ်မယ့်နေရာကို ပို့ဆောင်ဖို့ စောင့်ဆိုင်းနေ စဉ် ဖမ်းဆီးခံရတာလို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; 58 more illegal migrants from Myanmar arrested

#Ayeyarwaddy_Times