
ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီ ယန်တိုက အနိုင်ရသူဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။
ပရာဘိုဝိုဟာ ဆန္ဒမဲတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။
“အင်ဒိုနီးရှားပြည်သူတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ့် သမ္မတ၊ ဒုတိယသမ္မတနဲ့ အ စိုးရဖြစ်အောင် ကျွန်တော်တို့ သက်သေပြပါမယ်” လို့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ပရာဘိုဝို က ပြောပါတယ်။
ပရာဘိုဝိုဟာ လက်ရှိအင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့သားဖြစ်သူကို ဒုတိယသမ္မတလောင်းအ ဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဒုတိယသမ္မတလောင်းဟာ ရွေးကောက်ပွဲမှာယှဉ်ပြိုင်ရေး မှတ်ပုံတင်ဖို့ ငယ်လွန်းပေမယ့် ဂျိုကိုဝီ ဒိုဒိုရဲ့ ယောက်ဖဖြစ်သူ ဉီးဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံးက ခြွင်းချက်တစ်ခုအဖြစ် ခွင့်ပြုခဲ့ ပါတယ်။
ဂျိုကိုဝီရဲ့သားဖြစ်သူကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မပြုသင့်ဘူးလို့ ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်း Anies Baswedan က ပြောပါတယ်။
Anies Baswedan ဟာ မတ်လ ၂၁ ရက်က တရားရုံးမှာ ကန့်ကွက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဂျိုကိုဝီရဲ့ သားဖြစ်သူမပါဘဲ ရွေးကောက်ပွဲပြန်ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။
“ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ရလဒ်တွေဟာ တန်းတူအရေးပါတယ်ဆိုတာ ကျွန်တော် ပြောပြခဲ့ ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်သောလုပ်ငန်းစဉ်က မှန်ကန်သောရလဒ် ဖြစ်ပေါ်စေပါတယ်။ ပြဿနာတစ်ခုရှိနေရင် ရလဒ်ကလဲ ပြဿနာရှိနေမှာပါဘဲ” လို့ သူက ဆိုပါတယ်။
ကန့်ကွက်ချက်ကို ပယ်ချမယ် သို့မဟုတ် ရှေ့ဆက်ပြီး ကြားနာမယ်ဆိုတာကို တရားရုံးက ဧပြီလ ၁၆ ရက်မှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။
သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အခြားကိုယ်စားလှယ်လောင်းတစ်ဉီးက ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုဖြစ်ပြီး သူကလဲ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ဖို့ စီစဉ်နေပါ တယ်။
ကိုးကား – NHK
Ref; Indonesia’s Prabowo declared winner of presidential election