မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၂ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည် ထူထောင်ရေးအတွက် ပြည်သူများနှင့်တွေ့ ဆုံပြီး ကျပ်သိန်းပေါင်း ၄၀၀၀ (လေးထောင်) ကျော်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိန်းချုပ်နယ်မြေများဖြစ်သည့် နမ့်ခမ်း၊ နမ့်ဆန်၊ မန် တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့များ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန်အတွက် TNLA အုပ်ချုပ်ရေးဌာနမှ ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနှင့် တာ၀န်ရှိသူများက မြို့နယ်အလိုက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်များမှ မိသားစုများထံ အခမ်းအနားဖြင့် ထောက်ပံ့‌ငွေများကို ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်တင်‌ရေးအတွင်း စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှု အပါအ၀င် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းပြည်နယ်အတွင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့ မြို့နယ်များအတွင်း နေအိမ်ပေါင်း ၄၂၁ လုံး ထိခိုက် ပျက်စီးသွားခဲ့သည်။

အဆိုပါ ထိခိုက်ပျက်စီးသွားသည့် နေအိမ်များအတွက် ကျပ်သိန်းပေါင်း လေးထောင်ကျော်ကို ထောက် ပံ့ပေးအပ်ခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုအပေါ်မူတည်၍ အဆင့်လိုက်ခွဲ၍ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ထိခိုက်မှုကြောင့် သေဆုံးသွားသည့် ကျန်ရစ်သူမိသား စု၀င်များကိုလည်း သတ်မှတ်ထားသည့် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ရာတွင် TNLA အပြင် တအာင်းအရပ်ဘက်အဖွဲ့အစည်းအချို့လည်း ပါ၀င်ပူးပေါင်းခဲ့ပြီး TNLA ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် မြို့နယ်များကိုလည်း ဆက်လက်ပေး အပ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။

TNLA က ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ် ရေးယန္တယားများစတင်လည်ပတ်နေသည့်အပြင် မြန်မာနိုင်ငံတစ်၀န်းလုံးရှိ CDM ဆေးဘက်ဆိုင်ရာ၀န် ထမ်းများကို ဖိတ်ခေါ်ပြီး ကျန်းမာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်အောင် လုပ်ဆောင်နေပြီဖြစ် ကြောင်းလည်း သိရသည်။

ထို့အပြင် ထိန်းချုပ်နယ်မြေများတွင် ပညာရေးများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် CDM ပညာရေး၀န် ထမ်းများကို ဖိတ်ခေါ်ထားပြီး ကျောင်းများပြန်လည် လည်ပတ်နိုင်အောင် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။

ဓာတ်ပုံ-PSLF/TNLA
ပုံစာ -TNLA မှ ဗိုလ်မှူးချုပ်နှင့် အရပ်ဘက်အဖွဲ့များမှ ပြန်လည်ထူထောင်ရေးအတွက် ပြည်သူများကို ထောက်ပံ့ပေးအပ်နေစဉ်
#TNLA #ထိန်းချုပ်နယ်မြေ #ပြန်လည်ထူထောင်ရေး #ထောက်ပံ့ငွေ #ကျပ်သိန်း၄၀၀၀ကျော် #Ayeyarwaddy_Times