ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

မြန်မာစစ်တပ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကနေ အရပ်သားတွေကို ကာကွယ်ပေးမယ့် ပြင်း ထန်သော စုပေါင်း အရေးယူမှုတွေ လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အ စီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက တောင်းဆိုလိုက်ပါတယ်။

တော်လှန်ရေးအဖွဲ့အချို့ အောင်မြင်မှုရရှိပေမယ့် စစ်ကောင်စီဟာ အလွန်အမင်း အန္တရာယ်ရှိနေ ဆဲပဲလို့ သောမတ်အန်ဒရူးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ ပြည်ပမှရရှိတဲ့ ခေတ်မီ အင်အားပြင်းထန်သော စစ်လက်နက်တွေနဲ့ အရပ် သားတွေကို သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။

“အခုဆိုရင် စစ်ကောင်စီဟာ အဓမ္မ တပ်သားသစ် စုဆောင်းတဲ့ အစီအစဉ်တစ်ရပ်ကို စတင်ခဲ့လို့ လူငယ်တွေဟာ လမ်းတွေပေါ်မှာ အချိန်မရွေး ဖမ်းဆီးခံရနိုင်ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေက လူငယ်တွေကို ပုန်းရှောင်ပြေးဖို့ သို့မဟုတ် တိုင်းပြည်မှထွက်ပြေးဖို့ သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေ ထံ ပူးပေါင်းဖို့ တွန်းအားပေးနေပါတယ်” လို့ သောမတ်အန်ဒရူးက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်သူတွေကိုသာမက ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေအ ထိ သက်ရောက်မှုဖြစ်စေတယ်လို့ သူက ထောက်ပြပါတယ်။

“ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြေးနေပြီး စစ်ကောင်စီ ဂျက် တိုက်လေယာဉ်တွေက မြန်မာ့အိမ်နီးချင်းတွေရဲ့ လေပိုင်နက်တွေကို ချိုးဖောက်လို့ နယ်စပ်တစ်လျှောက် ဗုံးတွေကျခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ထိပ်တန်းဘိန်းထုတ်လုပ်သူနဲ့ ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ပြည်သူတွေကို ကျေးကျွန်ပြုနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိရာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေ ခို လှုံနေပါတယ်” လို့ ၎င်းက ထောက်ပြပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုက အလုပ်မဖြစ်ဘူးလို့ သူက သတိပေးပြီး စစ်ကောင်စီက အကြမ်းဖက်မှုတွေ ရပ်တန့်မှသာ ထိတွေ့ဆက်ဆံမှု အောင်မြင်မယ် လို့ ပြောပါတယ်။

စစ်ကောင်စီကို စစ်လက်နက်နဲ့ ငွေကြေးမရရှိအောင် ငြင်းဆန်ပြီး စစ်ကောင်စီရဲ့ လူသတ်မှုအစီ အစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက လျှော့ပါးအောင်လုပ်ဆောင်ရမယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်သူတွေကို ကာကွယ်ပေးမယ့် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ကမ္ဘာ့ နိုင်ငံတွေရဲ့ အစည်းအဝေးတစ်ရပ် ချက်ချင်း ကျင်းပဖို့လည်း သောမတ်အန်ဒရူးက တောင်းဆိုလိုက်ပါ တယ်။

ကိုးကား – https://www.ungeneva.org
Ref; UN rights expert urges global action to halt Myanmar junta atrocities

#Ayeyarwaddy_Times