
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
မြန်မာနိုင်ငံတွင်း အခြေအနေက မြန်ဆန်စွာ ပြောင်းလဲနေပြီး ခန့်မှန်းမရတာကြောင့် ထိုင်းအစိုး ရက ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မူဝါဒတွေ အနည်းငယ် ပြောင်းလဲလာရပါတယ်။ မည် သို့ပင် ကာလရှည်ဆက်ဆံမှုရှိစေကာမူ နိုင်ငံစလုံးမှာ ဉီးစားပေးမူဝါဒတွေရှိပြီး ရှင်သန်ဖို့ အတူလက်တွဲ လုပ်ဆောင်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေ၊ လူသားချင်းစာ နာမှု အကူအညီပေးအပ်မှု၊ လက်နက်မှောင်ခိုကူးမှု၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ ထိတွေ့ဆက်ဆံတာ အပါအဝင် နယ်စပ်ဖြတ်ကျော် စိန်ခေါ်မှုတွေအတွက် ဘုံအဖြေရှာဖို့ လုပ်ဆောင် ရပါမယ်။
အာဏာသိမ်းစစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းရမယ့်ဉပဒေ စတင်တာကြောင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာတာကို ထိုင်းနိုင်ငံက ကြုံတွေ့နေရပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့လအတွင်း စစ်မှုထမ်းဉပဒေကို အသက်သွင်းခဲ့တာကြောင့် မြန်မာနိုင်ငံရှိ ထိုင်းသံ ရုံးမှာ ဗီဇာလျှောက်ထားသူတွေရဲ့ လူတန်းစီမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားလိုမျိုး ဒေသတွင်းသံရုံးတွေဟာလည်း မြန်မာ နိုင်ငံကူးလက် မှတ်ကိုင်ဆောင်သူတွေရဲ့ ဗီဇာလျှောက်ထားမှုတွေ များပြားလာတာကို ကြုံတွေ့ခဲ့ရပါတယ်။ ထိုင်းနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတာကြောင့် မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ အခြား အခြေအနေ တွေကြောင့် အိုးအိမ်စွန့်ခွာရသူတွေဟာ နယ်စပ်တစ်လျှောက် ဆယ်စုနှစ်ချီ ခိုလှုံခွင့်ရရှိဖို့ ကြိုးပမ်းနေကြ ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာ့လူဉီးရေ ၅၂ သန်းအနက် စစ်မှုထမ်းဉပဒေကို အကျုံး ဝင်သူ အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား လူဉီးရေဟာ ၁၄ သန်း ရှိပါတယ်။ စစ်တပ်မှာ ၂ နှစ်ကြာ တာဝန် ထမ်းဆောင်ရမယ့် အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီး ၇ ဒသမ ၇ သန်း ရှိတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဉပဒေကို ငြင်းဆန်သူဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပါတယ်။ စစ်မှုထမ်းဉပဒေ ကို ဧပြီလမှာ စတင်မှာဖြစ်ပြီး လစဉ် လူငယ် ၅၀၀၀ ခန့် စစ်မှုထမ်းဖို့ဆင့်ခေါ်မယ်လို့ စစ်ကောင်စီ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လူငယ်မျိုးဆက်ဟာ တပ်မတော်နဲ့ မပတ်သက် လိုတာကြောင့် စစ်တပ်ထဲ ဝင်ရောက်ချင်သူတွေသာ ဝင်ပါစေ။ လူငယ်တွေအတွက် တစ်ခုတည်းသော နည်းလမ်းက ဘယ်လိုနည်းနဲ့မဆို မြန်မာနိုင်ငံမှ ထွက်ခွာဖို့ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ပြည်နယ်များမှ ထိုင်းအာဏာပိုင်တွေကို နိုးနိုးကြားကြားရှိ ကြဖို့ တိုက်တွန်းထားပါတယ်။ ၅၃ ကီလိုမီတာ အပိုင်းမှလွဲပြီး ၂၄၀၁ ကီလိုမီတာရှိတဲ့ ထိုင်း-မြန်မာနယ် စပ်ကို နယ်နိမိတ်မသတ်မှတ်ရသေးပါဘူး။ ရှည်လျားသောနယ်စပ်တစ်လျှောက်မှာ နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ် ၆ ခုနဲ့ သဘာဝလမ်းကြောင်းများစွာ ရှိပါတယ်။
ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံမှ ရောက်ရှိလာသူတွေကို ဆက်ဆံရာမှာ အပြည်ပြည်ဆိုင်ဉ ပဒေနဲ့ လူသားချင်းစာနာမှု အခြေခံစည်းမျဉ်းတွေကို လိုက်နာသင့်ပါတယ်။ ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အဖွဲ့ဝင်အဖြစ် တာဝန်ယူဖို့ လျှောက်ထားပြီး ဆုံးဖြတ်ချက်ကို အောက်တိုဘာလအတွင်း ပြုလုပ်မှာဖြစ်ပါတယ်။
ဒီနှစ်အတွင်း မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသူအရေအတွက်ဟာ ၆၀၀၀၀ မှ ၈၀၀၀၀ အထိ ရှိနိုင်တယ်လို့ ထိုင်း လုံခြုံရေးနဲ့ဆက်စပ်တဲ့ အေဂျင်စီတွေရဲ့ အကဲဖြတ်ချက်အရ သိရပါတယ်။ တိုက်ပွဲတွေ၊ မြန်မာနိုင်ငံတွင်း ဆိုးရွားလာသော စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေကြောင့် ထိုင်းနိုင် ငံတွင်း ဝင်ရောက်သူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာနိုင်ပါတယ်။
လူ ၈၀၀၀၀ နေထိုင်နိုင်တဲ့ ယာယီစခန်း ၁၂၃ ခုကို ထိုင်းနိုင်ငံက ပြင်ဆင်ထားပါတယ်။ မြန်မာနိုင် ငံတွင်းရှိ စစ်ဘေးရှောင် ၂၀၀၀၀ ကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်မယ့် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်တစ်ရပ်ကို မဲဆောက်နဲ့ မြဝတီမြို့ကို ဆက်သွယ်ပေးတဲ့ ထိုင်း-မြန်မာ အမှတ် ၂ တံ တားတစ်လျှောက် နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေကနေတစ်ဆင့် မတ်လ ၂၅ ရက်မှာ စတင်မှာဖြစ်ပါ တယ်။
အများယုံကြည်လက်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ စစ်ဘေးသင့်ပြည်သူတွေ ကယ်ဆယ်ရေးပစ္စည်း တွေ အပြည့်အဝ ရရှိဖို့ အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ညှိနှိုင်း ဆောင်ရွက်မှုဗဟိုဌာန (AHA Centre) မှ ကိုယ်စားလှယ်တွေဟာ အကူအညီပေးဝေမှုကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။ စာနာမှုအကူအညီ ပေးအပ်ပွဲအခမ်းအနားကို ဗန်ကောက်မြို့တော်အခြေစိုက် အာဆီယံသံ တမန်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Alounkeo Kittikhoun တို့က မျက်မြင် သက်သေအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်းရှိ တက်ခ်၊ ကန်ချနဘူရီ၊ ရတ်ချာဘူရီနဲ့ မယ်ဟောင်ဆန်ပြည်နယ်တွေက ဒုက္ခသည်စခန်း ၉ ခုမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း နေထိုင်နေတဲ့ မြန်မာစစ်ဘေးရှောင် ၈၀၀၀၀ ခန့် ရှိပါတယ်။
ထိုင်းအစိုးရနဲ့ နိုင်ငံတကာအလှူရှင်တွေက ကုလသမဂ္ဂရဲ့ အစီအစဉ်တွေကနေ မြန်မာဒုက္ခ သည်တွေ တတိယတိုင်းပြည်များမှာ အခြေချမှုတာ အပါအဝင် ကူညီပေးခဲ့ပေမယ့် ဒီအစီအစဉ်ဟာ အခု ချိန်မှာ နိဂုံးချုပ်သွားခဲ့ပြီဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ ဝန်ထုပ်ဝန်ပိုး လျှော့နည်းစေဖို့ မြန်မာဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာ မဟုတ်လျင်ပင် အခြားသူတွေလိုမျိုး လွတ်လပ်စာ လုပ်ကိုင်၊ နေထိုင်နိုင်ဖို့ အမြဲတမ်း နေထိုင်ခွင့်ပုံစံပေးဖို့ အချိန်ကျပြီဖြစ်ပါတယ်။ ဒီလိုလုပ်မှသာ မြန်မာဒုက္ခသည်တွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသုံးခုနဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ထိုင်း လုံခြုံရေးယန္တယားက မြန်မာနိုင် ငံတွင်း ယိုယွင်းလာသော လုံခြုံရေးအခြေအနေကို တုံ့ပြန်မယ့် အကောင်းမွန်ဆုံး နည်းလမ်းတွေအတွက် တိုင်းပြည်ရဲ့ မဟာဗျူဟာတွေကို ပြန်လည်သုံးသပ်လာခဲ့ပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေး တပ်ဖွဲ့တွေဟာ ထိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ကပ်လျှက် ဧရိယာတွေမှာ နယ်မြေသိမ်းတာတွေ ပြုလုပ်နေပါတယ်။ မြန်မာစစ်ကောင်စီ အာဏာဆက် ထိန်းနိုင်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးမယ့် တိုက်ပွဲတွေ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်မှာ ဖြစ်ပွား နေပါတယ်။ ထိုင်းအစိုးရဟာ စစ်ကောင်စီကို စိတ်ပျက်စေမယ့် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ပွင့်ပွင့်လင်းလင်း တိုးမြှင့်လုပ်ဆောင်လာပါတယ်။
ယင်းသို့သော ထိုင်းအစိုးရရဲ့မူဝါဒဟာ ပြည်တွင်းအခြေအနေနဲ့ ဖိအားကို တုံ့ပြန်ဖို့ ဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က လူသားချင်းစာနာမှု အကူအညီပေးဖို့နဲ့ မြန် မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ အခြားဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနကို ရွေးချယ်ခဲ့ပါတယ်။
လူသားချင်းစာနာမှု အစီအစဉ်က စစ်ကောင်စီနဲ့ အခြား သက်ဆိုင်သူတွေ အပါအဝင် ထိုင်းနိုင်ငံ နဲ့ အာဆီယံအဖွဲ့က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ရှေ့ဆက်ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ စမ်း သပ်ပါလိမ့်မယ်။ စစ်ကောင်စီအတွက်လည်း စိတ်စေတနာကောင်းပြသဖို့အပြင် ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ အာဆီယံမိတ်ဆွေတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်း ကောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာ ပထဝီနိုင်ငံရေးအချက်တွေ ဆုံမိလာမှု က မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေကို ထိတွေ့ဆက်ဆံဖို့ အထောက်အကူပြုခဲ့ပါတယ်။ လူသားချင်းစာနာ မှု အကူအညီ ရှေ့ပြေးစီမံကိန်းက အောင်မြင်မှုရပြီး ကုလသမဂ္ဂ အထူးအေဂျင်စီတွေ၊ ဆွေးနွေးမှုမိတ် ဖက်တွေလိုမျိုး ဒေသတွင်းနဲ့ နိုင်ငံတကာ သက်ဆိုင်သူတွေ ပါဝင်လာမယ့် မယ်ဟောင်ဆန်ပြည်နယ်အ ထိ အကျုံးဝင်လာနိုင်ပါတယ်။
မြန်မာ့အကျပ်အတည်းက ကြားခံစစ်ပွဲတစ်ခု ဖြစ်လာမှာကို မည်သူမှ မမြင်တွေ့လိုပါဘူး။ ကြား ခံစစ်ပွဲဆိုတာ နှစ်ဉီးနှစ်ဖက် အကျိုးမရှိပါဘူး။ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ဂါဇာကမ်းမြောင်က ပဋိပက္ခက အ ထင်ရှားဆုံး ဉပမာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို ရှောင်ရှားဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ က ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရမှာဖြစ်ပါတယ်။
မြန်မာ့အကျပ်အတည်း တာရှည်နေရင် ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်လာ ပြီး တိုင်းပြည်တွင်း စားနပ်ရိက္ခာနဲ့ စွမ်းအင်လုံခြုံမှုကို သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည် တွင်းစစ်မီးမွှေးဖို့ သူ့ရဲ့ပိုင်နက်နယ်မြေကို ပွင့်လင်းစွာ သို့မဟုတ် လျှို့ဝှက်စွာ အသုံးပြုတာကို ထိုင်းနိုင်ငံ က မမြင်တွေ့လိုပါဘူး။
မတ်လ ၁၉ ရက်ထုတ် Bangkok Post သတင်းစာပါ ဆောင်းပါးရှင် Kavi Chongkittavorn ရဲ့ Myanmar crisis: security and humanity ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။