ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်မယ့် အချက် (၄) ချက်ပါ မဟာဗျူဟာတစ်ရပ်ကို အဆိုပြုလိုက်တယ်လို့ သိရပါတယ်။

ထိုင်းအောက်လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ပဋိပက္ခ အဆုံး သတ်မယ့် ကြိုးပမ်းမှုအားလုံးကို ထောက်ခံတယ်လို့ ကော်မတီဉက္ကဌနဲ့ Pheu Thai ပါတီရဲ့ လွှတ်တော် အမတ် Noppadon Pattama က ပြောပါတယ်။

ညှိနှိုင်းဆောင်ရွက်တဲ့ တုံ့ပြန်မှုဆောင်ရွက်နိုင်ဖို့ ထိုင်းအစိုးရကို ကူညီပေးမယ့် အချက် (၄) ချက် ပါ အဆိုပြုချက်ကို ကော်မတီက တင်ပြခဲ့ပါတယ်လို့ သူက ဆိုပါတယ်။

ပထမအချက်အနေနဲ့ မြန်မာ့အရေးကို စောင့်ကြည့်ကာ ဘက်စုံပါဝင်သော တုံ့ပြန်မှုလုပ်ဆောင် နိုင်ဖို့ ထိုင်းအစိုးရဟာ လုံခြုံရေးနဲ့ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတွေကိုပါဝင်တဲ့ အထူးကော်မတီတစ်ခု ဖွဲ့စည်းသင့်တယ်လို့ သူက ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ နယ်စပ်ဒေသကပြည်နယ်တွေမှာ ခိုလှုံခွင့်တောင်းခံသူတွေ များလာနိုင်တဲ့ တိုက်ပွဲတွေ အရှိန်မြှင့်လာမှုကို ဖြေရှင်းမယ့် ဖြစ်လာနိုင်သော အရေးပေါ်ကိစ္စတွေ ဖြေရှင်းမယ့် အစီအမံ တစ်ခု ဆောင်ရွက်တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဉပဒေကို အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် မြန်မာ နိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်လာမယ်လို့ မျှော်မှန်းရပါတယ်။

တတိယအချက်အနေနဲ့ ကျေးရွာ ၃ ရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင် ၁၀၀၀၀ သာ ကန့်သတ်တာ ထက် ပဋိပက္ခဘေးသင့် ပြည်သူအားလုံးအတွက် အကျုံးဝင်စေမယ့် ထိုင်းအစိုးရက လူသားချင်းစာနာမှု အကူအညီပေးဝေမှု တိုးချဲ့သင့်ပါတယ်။ အာဆီယံအဖွဲ့ကလည်း ဘက်စုံပါဝင်သော အကူအညီပေးရေး မှာ ပါဝင်သင့်တယ်လို့ သူက ဆိုပါတယ်။

“ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြေရှင်းရာမှာ ဉီးဆောင်အခန်းကဏ္ဍတစ်ရပ်က နေ ပါဝင်သင့်ပြီး ညှိနှိုင်းဆောင်ရွက်သူ အခန်းကဏ္ဍထက် ပိုမို ကြိုးပမ်းမှုပြုလုပ်သင့်ပါတယ်” လို့ သူက အကြံပြုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ တာရှည်ခံသော ငြိမ်းချမ်းရေးရရှိမယ့် တွန်းအားပေးဖို့ ထိုင်း၊ အာဆီယံဉက္ကဌ၊ တရုတ်နဲ့အိန္ဒိယနဲ့ ဖွဲ့စည်းထားတဲ့ “Myanmar Troika Plus” ထူ ထောင်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အကြံပေးသင့်ပါတယ်။ အဆိုပါအဖွဲ့က အလွတ်သဘော ညှိ နှိုင်းဆောင်ရွက်မှု ယန္တယားတစ်ခု ဖြစ်ရမယ်လို့ သူက ဆိုပါတယ်။

အဆိုပြုထားသော ယန္တယားဟာ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ဖို့၊ အဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးဖို့နဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီတွေ အပြည့်အဝ ပေးအပ်ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နဲ့အညီ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့ အကြံပေးယုံသာမကဘဲ မြန်မာ့အရေး ဖြေရှင်းမယ့် ကြိုးပမ်းမှုတွေကိုလည်း အ ရှိန်မြှင့်လုပ်ဆောင်ရပါမယ်။ မြန်မာ့အရေးက ရှုပ်ထွေးပေမယ့် အာဆီယံအဖွဲ့နဲ့ ထိုင်းနိုင်ငံအတွက် မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးရရှိရေး တွန်းအားပေးဖို့ အရမ်းကြီး မခက်ခဲပါဘူး။ ဒီအစီအစဉ်သာ အောင်မြင်ရင် ထိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း တစ်ဉီးဖြစ်သူ Noppadon Pattama က ဆိုပါတယ်။
အစောပိုင်းမှာ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံတွင်းရှိ စစ်ဘေးသင့်ပြည်သူတွေကို ကူညီမယ့် မြန်မာ နယ်စပ်အနီး လူသားချင်းစာနာမှုစင်္ကြံတစ်ခု ထူထောင်ဖို့ သဘောတူခဲ့ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တစ်ဉီးက ထောက်ခံခဲ့တဲ့ အဆိုပါအစီအစဉ်အရ ထိုင်းနဲ့မြန်မာ ကြက်ခြေနီအသင်းတွေဟာ အာဆီယံ လူသားချင်းစာနာမှု အကူအ ညီပေးရေးအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့အတူ စစ်ရှောင်တွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဝေးရမှာဖြစ်ပါ တယ်။

ပထမအသုတ် လူသားချင်းစာနာမှု အကူအညီပေးရေးယာဉ်တန်းဟာ တက်ခ်ပြည်နယ်၊ မဲ ဆောက်ခရိုင်ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မတ်လ ၂၅ ရက်မှာ မြန်မာနိုင်ငံ ထဲကို ဝင်ရောက်မယ်လို့ သိရပါတယ်။

ယမန်နေ့ထုတ် Bangkok Post သတင်းစာပါ ဆောင်းပါးရှင် Aekarach Sattaburuth ရဲ့ Four-point plan for crisis in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times