
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တနင်္လာနေ့က တရားဝင် ခရီးစဉ်အ ဖြစ် ဆိုးလ်မြို့တော်သို့ ဆိုက်ရောက်လာစဉ် မြောက်ကိုရီးယားနိုင်ငံက အရှေ့ပင်လယ်အတွင်းသို့ တာတို ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ ယွန်ဟပ်သတင်းဌာနက တောင်ကိုရီးယား အကြီးတန်း စစ် ဘက်အရာရှိတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။
နှစ်လအတွင်း မြောက်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်မှုကို ဒေသစံတော်ချိန် မ နက် ၇ နာရီ ၂၂ မိနစ်မှ ၈ နာရီ ၂၂ မိနစ်ကြား ထောက်လှမ်းနိုင်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီး ချုပ်များ (JCS) က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ ဝန်းကျင်အထိ ရောက်ရှိခဲ့ပြီး အ ရှေ့ပင်လယ်အတွင်းသို့ ကျရောက်ခဲ့တယ်လို့ JCS က ဆိုပါတယ်။
“ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်စေသော ရန်စမှုတစ်ခုဖြစ် တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို အပြင်းအထန် ရှုတ်ချပါတယ်” လို့ JCS က ပြောပါ တယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကလည်း မြောက်ကိုရီးယားရဲ့ တာတိုဒုံးကျည်တွေ ပစ်လွှတ်မှုကို ရှုတ်ချခဲ့ပြီး ဂျပန်နိုင်ငံက အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ လက်တွဲပြီး အခြေအနေကို ဆန်းစစ်လေ့ လာနေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့က ဒီလအစောပိုင်းမှာ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ပြီးဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယားက တာတိုပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာပါ။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ၁၁ ရက်ကြာ “Freedom Shield” ပူးတွဲစစ်ရေးလေ့ကျင့်မှု ဟာ ၂၀၂၃ ခုနှစ်နဲ့နှိုင်းယှဉ်ပါက တပ်ဖွဲ့ဝင်အရေအတွက်နဲ့ စစ်ရေးလေ့ကျင့်မှုအရေအတွက် နှစ်ဆအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားက အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အဆင်အခြင်မဲ့ စစ်ရေးခြိမ်းခြောက်မှု တွေအဖြစ် ရည်ညွှန်းခဲ့ပြီး ကျူးကျော်တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ရန်စမှုနဲ့ မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်တွေ ရပ်တန့်ကြဖို့ မြောက်ကိုရီးယားက ဒီလအစော ပိုင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန်ကို သတိပေးခဲ့ပြီး နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါ တယ်။
သမ္မတ ယွန်ဆတ်ယိုလ် စီစဉ်ကျင်းပတဲ့ ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ မတ်လ ၁၈ ရက်က ဆိုးလ်မြို့တော်သို့ ရောက်ရှိလာ ခဲ့တာပါ။
ကိုးကား – South Korea News
Ref; North Korea fires ballistic missiles as Blinken visits South Korea: Media