
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
မြန်မာနိုင်ငံမှာ အခြေအနေ ဆိုးရွားလာတာနဲ့ ပဋိပက္ခ အရှိန်မြှင့်လာတဲ့အပေါ် ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အလွန်အမင်း စိုးရိမ်နေတယ်လို့ ထုတ်ပြန်ချက်တစ်ရပ်အရ သိရပါတယ်။
ဂူတာရက်စ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချခဲ့ပြီး ရန်လိုမုန်းတီးမှုတွေ ရပ်စဲဖိုနဲ့ လူသား ချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ရဖို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့အညီ အကူအညီ ပေးရေးလုပ်သားတွေ အပါအဝင် အရပ်သားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လူမျိုးစုကြား တင်းမာမှုတွေဖြစ်စေဖို့ စေ့ဆော်မှုတွေကို တားဆီးဖို့ ၎င်းက ရခိုင်ပြည်နယ်ရှိ အဖွဲ့ အစည်းအားလုံးကို တောင်းဆိုလိုက်ပါတယ်။
အရပ်သားအများအပြား သေဆုံးကာ ဒဏ်ရာရရှိခဲ့တဲ့ မင်းပြားမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုသတင်းတွေက အထိတ်တလန့်ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာတွေ အပါအဝင် လူငယ်တွေကို အဓမ္မ ဖမ်းဆီးတာနဲ့ လူသစ်စုဆောင်းတာ၊ မြန်မာနိုင်ငံ ရှိ အသိုင်းအဝိုင်းတွေကြား စစ်မှုထမ်းဉပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ သတင်းတွေကို စိုးရိမ်တယ်လို့ သူက ပြောပါတယ်။
ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့နဲ့ ဖိနှိပ်မှု၊အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ တိုင်းပြည်တွေနဲ့ တာဝန်မျှယူတာ အပါအဝင် မြန်မာ့အရေးကို နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေက အာရုံစိုက်ဖို့ ဂူတာရက်စ်က တောင်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ စနစ်တကျ ခွဲခြားဆက်ဆံမှု ဖြစ်စေတဲ့အကြောင်းရင်းကို ဖြေရှင်းတာနဲ့ နိုင်ငံတ ကာဉပဒေ ဆိုးရွားစွာ ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရဖို့ ကြိုးပမ်းတာဟာ မြန်မာ့အရေးဖြေရှင်းဖို့ တာရှည်ခံသောအဖြေရှာရမှာ အဓိကကျလာမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – https://press.un.org
Ref; Secretary-General Deeply Concerned by Deteriorating Situation, Escalating Conflict in Myanmar, Condemns All Violence, Reiterates Call for Civilian Protection