
ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
အိမ်မဲမြို့နယ်တွင် အသက် ၂၄ မှ ၃၀ ကြားရှိ အမျိုးသာများအား တစ်ရွာလျှင် ၁၃ ဦးရွေးထုတ်ကာ မဲနှိုက်ရန်ပြင်ဆင်နေကြကြောင်း ဒေသခံများထံမှသိရသည်။
မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ်တွင် မတ်လ ၁၄ ရက်နေ့မှ စပြီး အသက်ရွယ်အလိုက် ၂၄ နှစ်မှ ၃၀ ထိအမျိုးသားများအား နာမည်စာရင်းယူကာ မဲနှိုက်ပြီး စစ်မှုထမ်းခိုင်ရန်ပြင်ဆင်နေကြခြင်း ဖြစ်သည်။
“ရာအိမ်မှူးတွေဆီကနေ လူစာရင်းကိုင်ပြီ နာမည်ပါတဲ့သူတွေကို လိုက်ပြောတယ်။ ကျွန်တော်တို့ ဆီမှာ ၁၃ ဦးပါသွားတယ် နာမည်ပါတဲ့ ၁၃ ဦးက မဲနှိုက်ရမယ် မဲပေါက်တဲ့သူက တပ်ထဲလိုက်ရမယ်လို့ပြောပါတယ် “ဟု အိမ်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်မှုထမ်းရန် လူစာရင်းကောက်ယူရာတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကောက်ယူခြင်းမျိုးမဟုတ်ပဲ ကျေးရွာအချို့သာ မဲနှိုက်ရန် လူစာရင်းကောက်ယူထားကြောင်း ဒေသခံများထံမှသိရသည်။
“အိမ်မဲမြို့နယ်တစ်ခုလုံးကို ကောက်တာမျိုးမဟုတ်ဘူး မဲနှိုက်တာလည်းအချို့ရွာတွေမပါဘူး ။ ကျွန်တော်တို့ ဖြစ်စေချင်တာက မဲနှိုက်ရင်လည်းအကုန်နှိုက်ပေါ့ အခုက တစ်ရွာကို ခြောက်ယောက် ပါတာရှိသလို ၁၀ ယောက်ကျော်အထိပါတာမျိုးလည်းရှိတယ်။
ကျွန်တော်တို့အုပ်စုမှာတောင် မဲမနှိုက်ရတဲ့ ရွာ လေးရွာလောက်ရှိတယ် “ဟု အိမ်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စစ်ကောင်စီတပ်သားအဖြစ်တာဝန်ထမ်းဆောင်ရန် ရွေးချယ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည့်အတွက် ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတဝှမ်းလုံးမှ ပြည်သူလူထုများအနေဖြင့် စိုးရိမ်ပူပန်မှု များစွားကြုံတွေ့နေရသကဲ့သို့ နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံမှ ပုံစံမျိုးစုံဖြင့် ထွက်ခွာနေကြောင်း သိရသည်။
#အိမ်မဲမြို့ #အသက်၂၄ #၃၀ကြား #အမျိုးသာများ #တစ်ရွာလျှင်၁၃ဦး #ရွေးထုတ်ကာ #မဲနှိုက်ရန်ပြင်ဆင်နေ #Ayeyarwaddy_Times