
ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်
မော်စကိုမြို့တော်နဲ့ ရုရုားနိုင်ငံတစ်ဝှမ်းရှိ အခြားဒေသ ၇ ခုကို ယူကရိန်းက ဒရုန်း ၃၆ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှား သမ္မတရွေးကောက်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာ နက အဆိုလို ကြေညာခဲ့တာဖြစ်ပြီး ဒရုန်း ၅ စင်းနဲ့ မော်စကိုမြို့တော်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Domodedovo မြို့နဲ့ အခြားဧရိယာတွေမှာ ယူကရိန်းဒရုန်းတွေကို ပစ်ချခဲ့တယ်လို့ မော်စကိုမြို့ တော်ဝန် ဆာဂျီဆော့ဘ်ယန်နင်က ပြောပါတယ်။ ဒရုန်းတွေရဲ့ အပျက်အစီးတွေ ကျလာခဲ့ပေမယ့် လူထိ ခိုက်သေဆုံးမှုတွေတော့ မရှိဘူးလို့ သူက ဆိုပါတယ်။
ယူကရိန်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရုရှားနိုင်ငံတောင်ပိုင်းရှိ Krasnodar ဒေသကို ဒရုန်း ၁၇ စင်း ပျံသန်းခဲ့ပြီး ရေနံချက်စက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ရာ လူတစ်ဉီး သေဆုံးခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနိုင်ငံအနောက်ပိုင်း ဘယ်လ်ဂိုရော့ဒ်မြို့မှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ဉီး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံရှိ ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယား၊ ဒိုးနက်ခ်၊ လူဟန့်ခ်၊ ဇာပိုရီဇီယာနဲ့ ခါဆင်ဒေသ တွေမှာလည်း ရွေးကောက်ပွဲတွေ ပြုလုပ်နေပါတယ်။
ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသနဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ အခြားဒေသ လေးခုကို သိမ်းပိုက်ကြောင်း တစ်ဖက်သတ် ကြေညာခဲ့ပါတယ်။
ယူကရိန်း အကြမ်းဖက်သမားတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တစ်ခုဖြစ်တဲ့ Berdyansk မြို့က မဲ ရုံတစ်ခုအနီး ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရုရှား အကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ မကြာသေးမီက ရုရှားနိုင်ငံအပေါ် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပြင် ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။
ယူကရိန်းနိုင်ငံက ရုရှား သမ္မတရွေးကောက်ပွဲကို နှောင့်ယှက်နေတယ်လို့ သမ္မတ ဗလာဒီမာပူ တင်က စွပ်စွဲခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Russia says Moscow, 7 other regions targeted by drones