
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ် ၁၈ရက်
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း၊ကလေးနည်းပညာတက္ကသိုလ်အနီး ထိုမာရွာနှင့် ဇင်းကလင်း ကျေးရွာကြားရှိ နေအိမ်တစ်ချို့ကို ယမန်နေ့ မတ်လ ၁၇ရက်နေ့ ညနေ ၅နာရီခန့်က စတင်ပြီး တက္ကသိုလ် ပရဝုဏ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီက မီရှို့ခဲ့ကြောင်း သိရသည်။
စစ်ကောင််စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်တို့သည် မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကလေးတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ကြပြီး မနက်အစောပိုင်းတွင်လည်း ဖွဲ့စက်ဂိတ်၊သာစည်ဂိတ် စသည့် စစ်ကောင်စီ အထိုင်ချနေရာများမှ လက်နက်ကြီးများပစ်ခတ်ကာ ညနေပိုင်းတွင် ကလေးတက္ကသိုလ်ဝန်းကျင်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အခုဆို ထိုမာ၊ဇင်းကလင်း၊ထောက်ကြံ့ စတဲ့ စစ်ဘေးရှောင်ရွာတွေကို ရွာလုံးကျွတ်မီးလောင်တိုက်သွင်းမယ်လို့ ကြားတယ်။အခုရှို့နေတာလည်းဘယ်နှစ်အိမ်လောက်ပါသွားလဲ မသိရဘူး။ အဝေးကနေပဲလှမ်းမြင်ရတာ။ လက်နက်ကြီးနဲ့လည်း တစ်ချိန်လုံးပစ်တယ်။”ဟု ကလေးမြို့နယ်တောင်ပိုင်းနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့နယ်တွင် တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ကူများဖြင့်ပြင်းပြင်းထန်ထန် တုံ့ပြန်လျက်ရှိကြောင်းသိရသည်။
ပုံစာ -ကလေး နည်းပညာတက္ကသိုလ်အနီးရှိနေအိမ်အချို့ကို စစ်ကောင်စီကမီးရှို့နေစဥ်
#စစ်ကိုင်းတိုင်း #ကလေးမြို့ #ကလေးနည်းပညာတက္ကသိုလ် #Ayeyarwaddy_Times