
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၈ရက်
ဧရာဝတီတိုင်း မြို့ပြပြောက်ကျားအဖွဲ့၏ Irrawaddy Black Shark UG (တိုက်ငမန်း) အဖွဲ့အစည်းနှင့် Facebook စာမျက်နှာတို့ကို ယနေ့ မတ် ၁၈ ရက်နေ့မှ စတင်ပိတ်သိမ်း ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း Page စတင် တည်ထောင်သူများထံက သိရသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင် မြို့ပြမစ်ရှင်များဖော်ဆောင်ရာတွင် ပြည်သူ များ၏ အကူညီရယူနိုင်ရန်အတွက် အဆိုပါ Facebook စာမျက်နှာဖွင့်ထားခြင်း ဖြစ်သော်လည်း မြို့ပေါ်နှင့် ကျေးလက်ဒေသမှ UG တချို့ ဖမ်းဆီးခံထားရခြင်း၊ UG အဖွဲ့ဝင်တချို့မှာ တိုင်းရင်းသားဒေသများတွင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲ ဝင်နေခြင်းများ လုပ်ဆောင်နေပြီဖြစ်၍ ပိတ်သိမ်းရခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ Irrawaddy Black Shark UG page ကို အသုံးမပြုတာ ၃လကျော်ထိကြာမြင့်လာပါပြီ။ အခုအချိန်ကာလမှာ အဲ့ဒီ Facebook Page စာမျက်နှာကနေ တော်လှန်ရေးကို အကြောင်းပြပြီး ကိုယ်ကျိုးရှာ အလှူခံမှုတွေ ရှိနေတာကြောင့် ပြည်သူများတွေအနေနဲ့ လိမ်လည်ခြင်းမခံရအောင် ပိတ်သိမ်းကြောင်း အသိပေးတာပါ” ဟု Irrawaddy Black Shark UG Page စတင်တည်ထောင်ခဲ့သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
Irrawaddy Black Shark UG (တိုက်ငမန်း) Page ကိုပိတ်သိမ်းကြောင်း ကြေညာရခြင်းသည် ပြည်သူများအနေဖြင့် တော်လှန်ရေးကို ဗန်းပြ၍ တစ်ဦးတစ်ယောက်ကောင်း မသမာလောဘ ကိုယ်ကျိုးရှာနေသူများကို လှူဒါန်းမှု မပြုလုပ်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဧရာဝတီမြို့ပြ ပြောက်ကျားတော်လှန်ရေး အင်အားစုများထံ သိရသည်။
#ဧရာဝတီတော်လှန်ရေးအင်အားစု #IrrawaddyBlackSharkUG #ပိတ်သိမ်း #Facebookစာမျက်နှာ #Ayeyarwaddy_Times