ဧရာဝတီတ်ိုင်းမ်
သြဂုတ်လ ၃ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ မှော်ဇာစျေးအနီး အထက ခွဲစာသင်ကျောင်းမှာ လုံခြုံရေးယူထားသည့် ကပစ ၅ စစ်ကောင်စီတပ်သား တဦးကို ၆ တန်း ကျောင်းသားတဦးက ဒီကနေ့ နံနက်
သြဂုတ်လ ၃ ရက်နေ့မှာ ဓားနဲ့ထိုးကာ ထွက်ပြေးသွားတယ်လို့ Pyay Underground News – PUGN ထံကသိရပါတယ်။

အဆိုပါ လုံခြုံရေးယူနေပြီး ဓားဖြင့်အထိုးခံရသည် ကပစ ၅ မှ စစ်ကောင်စီတပ်သားမှာ အောင်မြင့်မြတ် ဖြစ်ပြီး သေဆုံးမှုရှိမရှိဆိုတာတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်သား ဓားထိုးခံရပြီးနောက် အခြားသော စစ်ကောင်စီတပ်သားများက ၆ တန်းကျောင်းသားကို လိုက်လံပစ်ခတ်ခဲ့ပြီး သေနတ်ဒဏ်ရာ ရှပ်ထိကာ ပြည်ဆေးရုံကြီးသို့ပို့ဆောင်ထားရတယ် လို့
Pyay Underground News – PUGNဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်မှုကြောင့် အခြားကျောင်းသား ကျောင်းသူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပါတယ် လို့ pyayundergroundnews-pugn ထံကသိရှိရပါတယ်။