ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်အုပ်စု၊ လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၃/၃)မိုင်နှင့် (၅၃/၄)မိုင်အကြားတွင် ဩဂုတ်လ ၂ ရက်​နေ့ ညက ကွန်တိန်နာယာဥ်နှင့် ထော်လာဂျီ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့နယ်စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဥ်တိုက်မှုအတွင်း ထော်လာဂျီပေါ်ပါလာသူ ၉ ဦးအနက် မအူပင်မြို့ခံတစ်ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ကြောင်း ၎င်းတို့အား ပန်းတနော်ဆေးရုံကြီးသို့ ညတွင်းချင်းပင် ပို့ဆောင်ထားကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ပန်းတနော်မြို့နယ်၊ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပုသိမ်မြို့နယ်စစ်ကောင်စီ