ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံရွာမှာ သြဂုတ်လ ၂ ရက် မနေ့ညနေ ၄ နာရီ ၄၀ မိနစ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မွန်ပြည်နယ်မြို့ပြပြောက်ကျား Gods Of Death အဖွဲ့ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် တပ်ကြပ်ကြီး သန်းထွန်းမောင် ဆိုသူဟာ မနေ့ ညနေပိုင်းက အရပ်ဝတ်နဲ့ဆိုင်ကယ်စီးနင်းလာစဥ် ဝင်းကံရွာတံတားပေါ်အရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပြောက်ကျားအဖွဲ့ကဆိုပါတယ်။

ပစ်သတ်ခံရတဲ့ တပ်ကြပ်ကြီး သန်းထွန်းမောင်ဟာ ကိုယ် ပိုင်အမှတ် တ/၁၈၇၃၃၁ ဖြစ်ပြီး ပဲခူတိုင်း၊ရွှေကျင်မြို့ နယ်၊ ဒုံဇရစ်အခြေစိုက် ခမရ ၅၈၉ တပ်ရင်းကဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်ရှင်းလင်းမှုကို Local PDF Theinxayat နှင့် Gods of Death အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။