
ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
ယူကရိန်းပဋိပက္ခမှာ အသုံးပြုဖို့ ရုရှားသို့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဆက်စပ်နည်းပညာ မထောက်ပံ့ဖို့ စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံများအဖွဲ့ (G7) က အီရန်နိုင်ငံကို သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံက ရုရှားသို့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဆက်စပ်နည်းပညာ လွှဲပြောင်းပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ်လို့ G7 ခေါင်းဆောင်တွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အီရန်နိုင်ငံက ရုရှားနိုင်ငံသို့ မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲခဲ့ ပါတယ်။
အီရန်မှ ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူမယ့် ရုရှားရဲ့ စေ့စပ်ညှိနှိုင်းမှုတွေ တိုးတက်မှုရှိနေပြီလို့ ပြီးခဲ့တဲ့လ အတွင်း အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ ရုရှားသို့ ခေတ်မီဒုံးကျည်တွေနဲ့ နည်းပညာ လွှဲပြောင်းမယ့်အစီအစဉ်က ဒေသတွင်း မတည် မငြိမ်မှု ဖြစ်စေနိုင်တယ်လို့ G7 အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အီရန်က ရုရှားသို့ ပဲ့ထိန်းဒုံးကျည်တွေ၊ ဆက်စပ်နည်းပညာ ထောက်ပံ့ပေးဖို့ ရှေ့ဆက်လုပ်ဆောင်နေတာ ကြောင့် မိမိတို့က မြန်ဆန်စွာ ညှိနှိုင်းဆောင်ရွက်ပြီး လက်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။
ရုရှားနိုင်ငံက ယူကရိန်းကို စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ မြောက်ကိုရီးယားနိုင်ငံထုတ် ဒုံးကျည် တွေ အသုံးပြုတယ်လို့ သံသယရှိနေပါတယ်။
ကိုးကား – NHK
Ref; G7 warns Iran not to provide Russia with ballistic missiles, related technology