
ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
လက်ရှိသမ္မတ ဗလာဒီမာပူတင် အနိုင်ရဖို သေချာလုနီးပါးရှိနေတဲ့ သမ္မတရွေးကောက်ပွဲကို ဆန့်ကျင်သူ တွေက မဲရုံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားနိုင်ငံတစ်ဝှမ်း ၃ ရက်ကြာ သမ္မတရွေးကောက်ပွဲ စတင်ခဲ့ပြီး ပူတင်နဲ့ အခြားကိုယ်စားလှယ်လောင်း သုံးဉီး ယှဉ်ပြိုင်နေပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ဝေဖန်ခဲ့သူတွေကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မပြုတာကြောင့် ပူ တင်ဟာ ပဉ္စမသက်တမ်း အနိုင်ရရှိဖို့ သေချာနေပါတယ်။
မော်စကိုမြို့တော်မှာ အမျိုးသမီးတစ်ဉီးက မဲရုံတစ်ခုရဲ့ ဆန္ဒပြုခန်းတစ်ခုကို မီးရှို့ခဲ့တယ်လို့ ရုရှားမီဒီယာ တွေက ဖော်ပြပါတယ်။ အဆိုပါအမျိုးသမီး ဆန္ဒပြုခန်းကို ချည်းကပ်လာပြီးနောက် မဲရုံကနေ မီးတောက်တွေ ထွက်ပေါ်လာတာကို လုံခြုံရေးကင်မရာ ရုပ်သံပြကွက်တွေမှာ မြင်တွေ့ရပါတယ်။
မော်စကိုမြို့တော်က အခြားမဲရုံတစ်ခုမှ ရိုက်ကူးထားတဲ့ ရုပ်သံတစ်ခုမှာ အမျိုးသမီးတစ်ဉီးဟာ မဲပုံးတစ်ခု ထဲကို အစိမ်းရောင်ဆိုးဆေးတွေ လောင်းထည့်နေတာကို ပြသပါတယ်။
ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် စိန့်ပီတာစဘတ်၊ ဆိုက်ဘေးရီးယားပြည်နယ်ရှိ မြို့တစ်မြို့နဲ့ အ ခြားနေရာတွေရှိ မဲရုံတွေမှာလည်း အလားတူဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကို နှောင့်ယှက်သူတွေဟာ ထောင်ဒဏ် ၅ နှစ် ကျခံရမယ်လို့ ရုရှား ဗဟိုရွေးကောက်ပွဲကော် မရှင်က သတိပေးပါတယ်။
ကိုးကား – NHK
Ref; Apparent anti-Putin protests reported at polling stations in Russia