
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက်ရှိ သက္ကယ်ကျင်းကျေးရွာကို မတ် ၁၄ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သက္ကယ်ကျင်းရွာသား ၄၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး တစ်ရွာလုံး မီးရှို့ဖျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်၏ မီတင်ရှိုမှုကြောင့် မတ် ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တစ်ရွာလုံးရှိ အိမ်ခြေအားလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းနေသည့် ဒေသခံ လေး ဦး၏ ရုပ်အလောင်းများပါ တွေ့ရှိခဲ့ကြောင်းသိရသည်။
“၁၄ ရက်နေ့ ညနေ ကတည်းက ရွာကို မီးတင်ရှို့ပြီး စစ်ကားသုံးစီး၊ အိမ်စီကား လေး စီးနဲ့ ထွက်သွားတာ၊ ဒေသခံ ၄၀ ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။ ရွာထဲမှာ မီးကျွမ်းနေတဲ့ အလောင်း လေး လောင်း တွေ့ရတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဝင်ရောက်မီးရှို့ဖျက်စီးခြင်းခံရသည့် သက္ကယ်ကျင်းကျေးရွာ၊ လယ်ဇင်ကျေးရွာများရှိ ဒေသခံများအတွက် အစားအသောက်နှင့် အသုံးအဆောင်များ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း သိရသည်။
ပုံစာ-ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားသည့် သက္ကယ်ကျင်းရွာအား တွေ့ရစဉ်
#သက္ကယ်ကျင်းရွာ #စစ်ကြောင်းထိုးဝင်ရောက် #စစ်ကောင်စီတပ် #ဒေသခံ၄၀ကျော် #ဖမ်းဆီး #ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး #ရုပ်အလောင်း၄လောင်းတွေ့ #Ayeyarwaddy_Times