ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

အနည်းဆုံး သီးနှံဈေးနှုန်းတွေကို အာမခံပေးမယ့် ဥပဒေသစ်တစ်ရပ်ကို တောင်းဆိုဖို့ ထောင်နဲ့ချီတဲ့ အိန္ဒိယလယ်သမားတွေဟာ သီတင်းပတ်ပေါင်းများစွာ ဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ နယူးဒေလီမြို့တော်မှာ ဆန္ဒပြခဲ့ပါတယ်။

အိန္ဒိယအာဏာပိုင်တွေက နယူးဒေလီမြို့ကိုဝင်ရောက်ရာ အဝေးပြေးလမ်းတွေကို ကွန်ကရိတုံးတွေ၊ သံ ဆူးကြိုးတွေနဲ့ ပိတ်ပင်ထားလို့ လယ်သမားတွေဟာ ထွန်စက်တွေအစား လူအပြည့်ပါတဲ့ ဘတ်စ်ကားတွေ၊ ရထား တွေနဲ့ စီးနင်းခဲ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဟာ နယူးဒေလီမြို့တော်မှာ လူစုဝေးပွဲ ကျင်းပခွင့်ပြုရာမှာ လယ်ယာသုံးကိရိယာတွေ အသုံးပြု ခွင့် ပိတ်ပင်ထားသလို ရဲတပ်ဖွဲ့နဲ့ တိုက်ခိုက်မှုတွေမဖြစ်အောင် တုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ခွင့် တားမြစ်ထား ပါတယ်။

လယ်သမားတွေက လယ်ယာလုပ်ငန်းအတွက် အခမဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ပေးဖို့နဲ့ အနည်းဆုံး သီးနှံဈေးနှုန်းကို အာမခံပေးဖို့ တောင်းဆိုတဲ့ လက်ကိုင်စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

လယ်သမားသမဂ္ဂက စီစဉ်ပြုလုပ်တဲ့ ဆန္ဒပြပွဲကို နယူးဒေလီမြို့တော်ရှိ ဘာသာရေးပွဲတော်တွေ၊ အဓိက နိုင်ငံရေးအစည်းအဝေးတွေနဲ့ ဖျော်ဖြေရေးအခမ်းအနားတွေအတွက် အသုံးပြုတဲ့ Ramlila ကွင်းမှာ ပြုလုပ်ခဲ့ပါ တယ်။

ဆန္ဒပြပွဲမှာ လူ ၅၀၀၀ ထက် မကျော်ရဘူးလို့ ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ လယ်သမားတွေဟာ ကုန် ကျစရိတ် မကာမိဘဲ ကုန်သည်ပွဲစားတွေကာ အမြတ်အစွန်းတွေ စံစားရတာလို့ ဆန္ဒပြသမားတစ်ဉီးက ပြောပါ တယ်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အာဏာရပါတီက တတိယသက်တမ်း ဆက်တိုက် အနိုင်ရရှိဖို့ မျှော်မှန်းရတဲ့ ဧပြီလမှ မေလအထိပြုလုပ်မယ့် ရွေးကောက်ပွဲအကြို အိန္ဒိယနိုင်ငံအတွက် အရေးကြီးသောကာလမှာ လယ်သမား တွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာပါ။

လယ်သမားတွေဟာ အိန္ဒိယရွေးကောက်ပွဲမှာ အရေးပါသော မဲဆန္ဒရှင်တွေဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ လူ ဉီးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ
လယ်ယာလုပ်ငန်းကို မှီခိုနေရပါတယ်။

ကိုးကား – AFP
Ref; Thousands of Indian farmers protest in New Delhi demanding a law guaranteeing minimum crop prices

#Ayeyarwaddy_Times