
ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေဟာ မြန်ဆန်စွာ ဆိုးရွားလာနေပြီး ပဋိပက္ခ ပြင်းထန်လာ ကာ ကယ်ဆယ်ရေးပစ္စည်း ပေးဝေဖို့ ကန့်သတ်ခံနေရပြီး ရန်ပုံငွေ နည်းပါးလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ် (WFP)၊ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး Carl Skau က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး လူလေးဉီးလျင် တစ်ဉီးက ဆိုးရွား သော စားနပ်ရိက္ခာ မဖူလုံမှုအန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။
မြန်မာခရီးစဉ်အတွင်း ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုက သူ့ကို အထင်ကြီးစေခဲ့ပြီး နိုင်ငံတကာအသိုင်းအ ဝိုင်းက မြန်မာပြည်သူတွေကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီရမယ့်အချိန်ရောက်ပြီလို့ ၎င်းက ပြောပါတယ်။
လူသားချင်းစာနာမှုအကူအညီဟာ ဘယ်နေရာမှာနေသည်ဖြစ်စေ လိုအပ်သူအားလုံးထံ ရောက်ရှိရမယ်လို့ Carl Skau က ပြောပါတယ်။
ပြည်သူတွေကိုကူညီဖို့ ရှေ့တန်းမှာ လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ လူထုအခြေ ပြု အဖွဲ့အစည်းတွေဟာ ဝေးလံခေါင်ဖျားဒေသတွေမှာ အကူအညီပေးဝေမှု ဆက်လက်ပြုလုပ်ဖို့ နိုင်ငံတကာရဲ့ အ ကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
WFP က မြန်မာနိုင်ငံမှာ အကူအညီပေးဝေတာ ပြည်သူနှစ်သန်းကျော်အထိ အကျိုးဖြစ်ဖြစ်ခဲ့ပြီး ပြည်သူ တွေကို အကူအညီဆက်ပေးဖို့ နိုင်ငံတကာရဲ့ဉီးဆောင်မှု လိုအပ်တယ်လို့ သူက ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ရဖို့ WFP က တွန်းအားဆက်ပေးကာ မြန် မာပြည်သူတွေအတွက် အရင်းအမြစ်တွေနဲ့ နိုင်ငံတကာ၊ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုရရှိဖို့ ကြိုးပမ်းမယ်လို့ သူ က ကတိပြုပါတယ်။
ကိုးကား – WFP
Ref; People of Myanmar need more from the international community as situation deteriorates