မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၅ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၃၇ ပင်မဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ ခလရ-၂၃၇ (တာဆိုင်းတပ်) ကို ယမန်နေ့ မတ် ၁၄ ရက်နေ့က KIA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ကချင် ဗန်းမော် စကခ ၂၁ လက်အောက်ခံ ခလရ -၂၃၇ တာဆိုင်းတပ်ကို KIA တို့ သိမ်းလိုက်ပါပြီ။ သတင်းအချို့မှာ မိုးမောက်က ဒါးဆိုင်းတောင်စခန်းလို့ ဖော်ပြနေပါတယ်။ အမှန်က ခလရ-၂၃၇ ဟာ မိုး မောက်ဘက်မှာ စစ်ဆင်ရေးထွက်နေတာဖြစ်ပါတယ်။ အခုက ခလရ -၂၃၇ ရဲ့ ပင်မဌာနချုပ်ကို သိမ်းလိုက်တာဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အဆိုပါ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ လက်အောက်ခံ ခလရ ၂၃၇ မှာ စစ်ရေးဗျူ ဟာအရ အရေးကြီးဆုံးစခန်းဖြစ်ပြီး ပြီးခဲ့သည့် မတ် ၇ ရက်နေ့ကလည်း အဆိုပါစခန်းကို KIA က ၀င်ရောက်တိုက်ခိုက်ခဲ့သေးသည်။

စခန်းကို ၀င်ရောက်တိုက်ခိုက်ရာတွင် လက်နက်မျိုးစုံ အလက် ၂၀၀ ကျော်နှင့် ခဲယမ်းများစွာရရှိပြီး စစ်ကောင်စီအလောင်း မြောက်များစွာလည်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းကို ယမန်နေ့ မတ် ၁၄ ရက်နေ့က ၀င်ရောက်သိမ်းပိုက်သည့် ရုပ်သံဖိုင်တွင် ကတုတ်ကျင်းထဲတွင်ပုန်းနေသည့် စစ်ကောင်စီ တပ်သားများထံ ဒရုန်းဗုံးတိုက်ရိုက်ထိမှန်သွားသည် ကို တွေ့ရပြီး လက်နက်ခဲယမ်းများကို တန်းစီခင်းကျင်း၍ ရေတွက်နေသည့် KIA တပ်ဖွဲ့၀င်များကို တွေရသည်။

“အဲဒီ ၂၃၇ တပ်ကို တပ်စစ်သွားရတုန်းက ဗဟိုကင်းထဲမှာပဲ စစ်သားတစ်ယောက် တာ၀န်ချိန်မူးနေလို့ ဗျူဟာမှူးက ပါးရိုက်ရတယ်။ အတော်လေးကိုဖွဲ့စည်းပုံ ပျက်နေတာ။ ခုတော့ အဲဒီဗဟိုကင်းမှာပဲ တော်လှန် ရေးတပ်ဖွဲ့တွေက လက်နက်တွေသိမ်းနေလေရဲ့။ ဘယ်လိုမှကို မယုံနိုင်ဘူး။ ကျန်နေတဲ့ ၃၂၀၊ ၃၈၇၊ ၄၃၇၊ ၄၃၈ တို့တော့ ပွဲပျက်နေကြပြီ။ အဲဒါပြီးရင် တပ်မဌာနချုပ်ပဲ။ ဆေးတပ်တို့၊ ဆက်သွယ်ရေးတပ်တို့ ထောက်ပို့တပ်တို့ဆိုတာ မတိုက်ခင်ကပြေးနှင့်သည်ပဲ”ဟု CDM ဗိုလ်ကြီးက ထက်မြတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေသားထားသည်။

ပြီးခဲ့သည့် မတ် ၇ ရက်နေ့က စတင်ခဲ့သည့် ကချင် ပြည်နယ်တိုက်ပွဲများတွင် KIA နှင့်ပူးပေါင်းတပ်များက စစ်စခန်းပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ထားပြီး အင်လုံခတပ်စခန်းမှလွဲ၍ ကျန်သည့်စခန်းများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ကချင်ပြည်နယ်ရှိ ဗန်းမော်၊ ဝိုင်းမော်၊ မိုးမိတ်၊ ပူတာအို၊ ဆွမ်ဘရာဘွမ်၊ ဖားကန်တို့တွင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး KIA က စစ် ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပုံစာ-ခလရ ၂၃၇ တပ်ရင်းဌာနချုပ်က သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ
#ကချင် #ဗန်းမော် #ခလရ၂၃၇ #စကခ၂၁ #လက်အောက်ခံ #KIA #သိမ်းပိုက် #Ayeyarwaddy_Times