ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် PDFတပ်ဖွဲ့များကို ထောက်ပံ့မှုပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံထားရသူခြောက်ဦးအထိရှိကြောင်း ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသတင်းရရှိသည်။

“သူတို့တွေကို၂၀၂၃က PDFတွေကိုဒရုန်း၀ယ်ဖို့လှူဒါန်းတာကို kpay ကတစ်ဆင့် ပြီးခဲတဲ့ ၁၂လပိုင်းထဲကခြေရာခံ လိုက်နေတာလို့သိရတယ်။ မိတာကတော့မတ်လ၁၀ရက်နေ့ကသူတို့အချက်အလက်တွေစုံလို့ဆင်းဖမ်းတယ်လို့ယူဆရတယ်”ဟု ပုသိမ်မြို့ပြပျောက်ကြားအဖွဲ့ တာ၀န်ခံ ကိုစစ်ရန်ရှင်းကဧရာ၀တီတိုင်မ်းကိုပြောသည်။

လက်ရှိK payမှတစ်ဆင့် လိုက်လံခြေရာခံပြီးဖမ်းဆီးခံရသူများမှာ ပုသိမ်မြို့အမှတ်(၇) ရပ်ကွက်မှအမျိုးသားလေးဦး၊(၂)ရပ်ကွက် မှအမျိုးသမီးတစ်ဦး နှင့်(၁၅)ရပ်ကွက်အမျိုးသား တစ်ဦး စုစုပေါင်း ခြောက်ဥဦးထိဖမ်းဆီးခံထားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များစွပ်စွဲ ဖမ်းဆီးခံထားရသူ ခြောက်ဦးကိုသက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် ပုဒ်မ ၅၀၅(က)အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဧရာ၀တီတိုင်းအတွင်းစစ်ကောင်စီတပ်များမှ PDF ကို ထောက်ပံမှုများပြုလုပ်သည်ဟု ယူဆရသော Kpay နင့် waveအကောင့် ပိုင်ရှင်တစ်ချို့ကိုလည်း လိုက်လံစုံစမ်းနေပြီး ဖမ်းဆီးနိုင်ခြင်းမရှိသည့်အချို့ အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့ နှင့်နီးစပ်
သူများထံမှသိရှိရသည်။

#ပုသိမ်မြို့ #PDF #kpay #Ayeyarwaddy_Times