
ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
ခြောက်လအတွင်း တရုတ် လူမှုကွန်ရက် အပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ကို ပိတ်ပင်ဖို့ တွန်းအား ပေးမယ့် အောက်လွှတ်တော်ရဲ့ ဥပဒေကြမ်းတစ်ရပ်ကို ထောက်ခံခြင်း ရှိ မရှိဆိုတာကို အမေရိကန် အထက် လွှတ် တော်အမတ်တွေက လွှတ်တော်ကို ဆုံးဖြတ်စေချင်ပါတယ်။
အဆိုပြုချက်ဉပဒေကြမ်းကို မိတ်ဆက်ပြီး ရှစ်ရက်အကြာမှာ အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၅၂ မဲ၊ ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုခဲ့ပါတယ်။
TikTok လိုမျိုး နိုင်ငံခြား အပလီကေးရှင်းတွေဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေဖြစ်လို့ အရေး ယူဖို့ အထက်လွှတ်တော်မှာ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ TikTok လိုမျိုး နိုင်ငံခြား အပလီကေးရှင်းတွေနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်ဖို့ ဉပဒေကို အတည်ပြုလိုတာလို့ အထက်လွှတ်တော် ကူးသန်းရောင်းဝယ်ရေးကော်မတီ ဉက္ကဌ မာရီ ယာကန့်ဝဲလ်က အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
တရုတ်အစိုးရက အမေရိကန်တွေရဲ့ ပုဂ္ဂလိက အချက်အလက်တွေကို ရရှိနိုင်စေမယ့် ဘယ်လို အပလီ ကေးရှင်းမျိုးကိုမဆို အလွန်အမင်း စိုးရိမ်တယ်လို့ နည်းပညာရေးရာ ဉီးဆောင် ဒီမိုကရက်ဖြစ်သူ ဆီနိတ်တာ ရွန် ဝိုင်ဒင်က ပြောပါတယ်။
TikTok အမှုဆောင်အရာရှိချုပ် Zi Chew ဟာ လွှတ်တော်အဆောက်အအုံမှာ အထက်လွှတ်တော်အမတ် တွေနဲ့ ဒုတိယနေ့ ကြားနာမှုပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ တစ်ရက်လျင် ကြည့်ရှုသူ ၂၅ သန်းကျော်ရှိတဲ့ TikTok ကိုပိတ်ပင်မယ့် ဉပဒေကို အ တည်ပြုပါက ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ အသေးစားလုပ်ငန်းတွေ ထိခိုက်မှာဖြစ်ပြီး အမေရိကန်ပြည်သူ ၃၀၀၀၀၀ အလုပ်လက်မဲ့ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
TikTok ပိတ်ပင်ဖို့နဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ အထက်လွှတ်တော်ရဲ့ နံပါတ် ၂ ဒီမိုကရက်အမတ် Dick Durbin က ပြောပါတယ်။
ကိုးကား – Reuters
Ref; US Senate not moving to fast-track House bill for TikTok divestiture