ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေအတွင်း လူနေဧရိ ယာတွေအပေါ် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အလွန်အ မင်း စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာစဉ် လက်နက်ကြီးအသုံးပြုမှုက အရပ်သားတွေအတွက် ကြီးမားသောအန္တရာယ်ဖြစ်လာပြီး အရပ်သား သေဆုံးမှုတွေ ဖြစ်စေတယ်လို့ သူက ဆိုပါ တယ်။

“စနေနေ့က စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံး စစ်တွေမြို့က လူနေဧရိယာတစ်ခုမှာ ကျ ရောက်ခဲ့လို့ ရိုဟင်ဂျာရှစ်ဉီး သေဆုံးပြီး ကလေးငယ် ၅ ဉီး အပါအဝင် ၁၂ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်” လို့ သူက ပြော ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ မြန်မာစစ်တပ်အာဏာသိမ်းတာ ၃ နှစ် ရှိလာခဲ့ ပြီး အတိုက်အခံတွေနဲ့ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အ ပါအဝင် လူ ၄၆၀၀ ကျော် သေဆုံးကာ သေဆုံးသူဉီးရေ ပိုမို မြင့်တက်လာဖွယ်ရှိပါတယ်။

မြန်မာစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စစ်တွေမြို့မှာ အရပ်သားတေွ သေဆုံးတာ နှစ်ပတ်အ တွင်း ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တစ်ဝှမ်း အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာမှုတွေ ဖြစ်ခဲ့ရပြီး ပြည်သူ ၃၀၀၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီလို့ စတီဖန်ဒူဂျာရစ်က ထောက်ပြပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေ အသုံးပြုသော နည်းဗျူဟာတွေဟာ အရပ်သားတွေကို အန္တရာယ်ဖြစ် စေပြီး အကူအညီလိုအပ်သူတွေထံ အကူအညီပေးအပ်မှုကို ထိခိုက်စေတယ်လို့ ၎င်းက ပြောပါတယ်။

“အကူအညီပေးရေးလုပ်သားတွေ အပါအဝင် အရပ်သားတွေကို ကာကွယ်ပေးရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေအရ ပဋိပက္ခဆိုင်ရာ ဝတ္တရားတွေကို လိုက်နာကြဖို့ အဖွဲ့အစည်းအားလုံးကို ကျွန်တော် တို့ သတိပေးပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – https://www.ungeneva.org
Ref; Myanmar: Deep concern over use of heavy weapons in residential areas

#Ayeyarwaddy_Times