
ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
ယူကရိန်းနိုင်ငံသို့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ စစ်ရေးအကူအညီသစ် ပေးအပ်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
ယူကရိန်းသို့ ပေးအပ်မယ့် ငွေကြေးအကူအညီဟာ ပင်တဂွန်ရဲ့ ကန်ထရိုက်စာချုပ်တွေထဲက ကုန်ကျစ ရိတ် စုဆောင်းမှုတွေကနေ ရရှိတာလို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က ပြောပါ တယ်။
အမေရိကန်နိုင်ငံရဲ့ ငွေကြေးအကူအညီကြောင့် ယူကရိန်းက ရုရှားကျူးကျော်စစ်ကို ဆက်လက် ခုခံနိုင် မယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းနိုင်ငံအတွက် ထပ်တိုး ငွေကြေးထောက်ပံ့ဖို့ ကွန်ဂရက်မှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေ စဉ် အမေရိကန်နိုင်ငံက အခုလို ထပ်တိုးအကူအညီ ပေးအပ်ဖို့ ဖြစ်လာတာပါ။
အခုငွေကြေးထောက်ပံ့မှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ပိုင်း ကြေညာခဲ့တဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်နိုင်ငံရဲ့ ပထမဆုံး စစ်ရေးအကူအညီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ အမြောက်ကျည်ဆံတွေနဲ့ HIMARS လက်နက်ကြီးစနစ်တွေအတွက် ခဲယမ်းမီးကျောက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; US to provide $300 million military aid package to Ukraine