ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

မတ်လ ၁၃ ရက်မနက်ပိုင်းက Thong Pha Phum ခရိုင်တွင်းသို့ နယ်စပ်ကို တရားဝင် ဖြတ်ကျော်ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံခဲ့တယ်လို့ သိရပါတယ်။

ထိုင်းစစ်သား၊ ရဲနဲ့ စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့မနက် ၈ နာရီဝန်းကျင်က Tambon Tha Khanun မြို့နယ်၊ Wat Phutthaborisat ရွာအနီးရှိ တောအုပ်တစ်ခုအတွင်း မြန်မာအမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ မရှိသလို တောလမ်းအတိုင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့ပြီး မောပန်းနွမ်းနယ်နေပုံပေါ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရပ်ထားသော ပစ်ကပ်ကားတစ်စင်းနားမှာ လူခြေရာအများအပြား တွေ့ရှိခဲ့တယ်လို့ ရွာလူကြီးဉီးဆောင် တဲ့ ကင်းလှည့်အဖွဲ့က သက်ဆိုင်ရာထံ သတင်းပို့ပြီးနောက် စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် အလုပ်အကိုင်ရှာဖွေသူပွဲစားတွေကို ဘတ် ၁၃၀၀၀ မှ ၁၅၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

၎င်းတို့ဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့ပြီး အလုပ်လုပ်မယ့်နေရာကို ခေါ်ဆောင်သွားဖို့ စောင့် ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတွေကို ဉပဒေအရ အရေးယူမှုတွေပြုလုပ်ဖို့ Thong Pha Phum ရဲတပ်ဖွဲ့ ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Illegal job seekers caught near Myanmar border

#Ayeyarwaddy_Times