ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာရင် နျူကလီးယားစစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေ ပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။

သူ့ရဲ့မှတ်ချက်စကားဟာ ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းနိုင်ငံကို ကူညီနေတဲ့ အနောက်နိုင်ငံ တွေအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

ရုရှားသမ္မတရုံးဟာ သမ္မတ ပူတင်နဲ့ နိုင်ငံပိုင်မီဒီယာကြား အင်တာဗျူးတစ်ခုကို မတ်လ ၁၃ ရက်က ထုတ် ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံက နျူကလီးယားစစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားခြင်း ရှိ မရှိ ပူတင်ကို မေးမြန်းရာမှာ စစ်ဘက် နည်းပညာဆိုင်ရာ ရှုထောင့်အရ ရုရှားနိုင်ငံက အဆင်သင့်ဖြစ်နေပြီလို့ သူက ဆိုပါတယ်။

တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်လာရင် ရုရှားနိုင်ငံက နျူကလီးယားနဲ့ အခြားလက်နက်တွေအားလုံး အသုံးပြုလိုတဲ့ဆန္ဒရှိတယ်လို့ ၎င်းက ပြောပါတယ်။

သူ့အနေနဲ့ ယူကရိန်းမှာ နျူကလီးယားလက်နက်တွေ အသုံးပြုမယ့်လိုအပ်ချက် မကြုံတွေ့ခဲ့ရဘူးလို့ ပူ တင်က ဆိုပါတယ်။

လာမယ့် သောကြာနေ့မှ တနင်္ဂနွေအထိပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမတိုင်မီ ပူတင်ဟာ ရုရှားပြည် သူတွေအတွက် သူ့ကိုယ်သူ ခေါင်းဆောင်ကောင်းတစ်ဉီးဆိုတာ ပြသလိုတာလို့ လေ့လာသူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Putin: Russia ready to use nuclear weapons if statehood threatened

#Ayeyarwaddy_Times