ဧရာဝတီတိုင်းမ်
(ရိခေါဒါရ်)၊ မတ် ၁၄ ရက်

ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နေပြီး ယခုလက်ရှိထက် ပိုမိုခိုင်မာသော အုပ်ချုပ်ရေးယန္တရားများလည်ပတ်နိုင်ရန် ငွေအင်အားနှင့် လူအင်အားများလိုအပ်နေကြောင်းသိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ရေးတင်းမာမှုကြောင့် ကလေးမြို့ဘက်မှ ရိခေါဒါရ်မြို့သို့ လာရောက် စစ်ဘေးရှောင်သူများပြားကြောင်း သိရသည်။

“ဒီကိစ္စတွေကို အသေးစိတ်ဖော်ပြတာတွေ ကျွန်တော်တို့ မလုပ်ဘူး။ စစ်ကောင်စီက အာရုံစိုက်မှုမရှိအောင် တချို့သတင်းတွေကို ပြောဖို့ခက်ပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်လို့ ပြောပါရစေ” လို့ ဟွာလ်ငိုးဒေသပြည်သူ့အဖွဲ့အစည်း(HPO)၊ အတွင်းရေးမှူးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ကလေးမြို့တွင် တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ စစ်ရေးအခြေ အနေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး မလည်ပတ်နိုင်သေးကြောင်း သိရပြီး နှစ်နိုင်ငံကုန်သွယ်ရေးပုံမှန်လည်ပတ်ရန် ချင်းလဲန်းအစိုးရမှ ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော ချင်းပြည်နယ်၊ နယ်စပ်မြို့၊ ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတာ်(CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(Hualngoram) တို့က ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပုံစာ-ရိခေါဒါရ်မြို့၊ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်။
#ရိခေါဒါရ်မြို့ #အုပ်ချုပ်ရေးယန္တရားများ #ပုံမှန်လည်ပတ် #ပိုမိုခိုင်မာကျစ်လစ် #ငွေအင်အား #လူအင်အားလိုအပ်နေ #Ayeyarwaddy_Times