
ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အလာမင်နဲ့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး ချုပ် ခါလက်ခီယာရီတို့ဟာ ပါလက်စတိုင်းနဲ့မြန်မာ့အရေးတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆောင် ရွက်မှုမှာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ပါတယ်။
တနင်္လာနေ့မနက်ပိုင်း လွှတ်တော်အဆောက်အအုံမှာ ခါလက်ခီယာရီကို လက်ခံတွေ့ဆုံခဲ့တယ်လို့ မိုဟာ မက်အလာမင်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ပါလက်စတိုင်းနဲ့မြန်မာမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆောင်ရွက်ရာမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက် လို့ ဆွေးနွေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
၎င်းတို့နှစ်ဉီးရဲ့ ဆွေးနွေးမှုဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ ရင်ဆိုင်ခဲ့ရတဲ့ အဟန့်အတားတွေ၊ စိန်ခေါ်မှုတွေကို အလေးထားခဲ့တယ်လို့ သူက ဆိုပါတယ်။
မလေးရှားနိုင်ငံက Troika ယန္တယားကို အသုံးချကာ မြန်မာ့အရေးဖြေရှင်းဖို့ အားလုံးပါဝင်သော ထိတွေ့ ဆက်ဆံမှုလိုအပ်ချက်ကို အလေးထားဆွေးနွေးမယ်လို့ မိုဟာမက်အလာမင်က ဆက်ပြောပါတယ်။
“မလေးရှားနိုင်ငံရဲ့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အတွက် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး ပါလက်စတိုင်းအတွက် ငြိမ်းချမ်းသောအဖြေရှာရေး ကုလ သမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ သံန္နိဌာန်ချထားပါတယ်” လို့ သူက ဆိုပါ တယ်။
ဒေသတွင်း ရှုပ်ထွေးသော နိုင်ငံတကာ လုံခြုံရေးနဲ့ ဘေးကင်းရေးစိန်ခေါ်မှုတွေ ဖြေရှင်းရာမှာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့က သဘောတူခဲ့တယ်လို့ သူက ပြောပါတယ်။
ကိုးကား – Bernama
Ref; Malaysia, UN discuss collaboration on peacekeeping efforts in Palestine and Myanmar