ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

ပြီးခဲ့တဲ့ခြောက်လအတွင်း တပ်မတော်အဖြစ် လူသိများတဲ့ မြန်မာစစ်တပ်ဟာ စတင်ပြီး ပြိုလဲလာခဲ့ပါ တယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက မြန်မာစစ်တပ်ဟာ ပြိုလဲပုံပေါ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့နဲ့ အာဏာထိန်းချုပ်ဖို့ တိုက်ပွဲဝင်နေတဲ့ ဗမာအများစုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDFs) တွေထက် လက်နက်အင်အားသာလွန်ကာ အကြမ်းကြုတ်ဆုံး နည်းဗျူဟာတွေ အသုံးပြုဖို့ ပြဿ နာမရှိခဲ့ပါဘူး။

အစောပိုင်း ဘလော့မှာလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော် ရေးသားခဲ့ပြီး စစ်တပ်ပြိုလဲမှုအလွန် နေ့ရက်တွေအတွက် ဖြစ်ပေါ်လာနိုင်သောကိစ္စတွေကို စီစဉ်ဖို့ မြန်မာ ဒီမိုကရက်တွေနဲ့ ပြင်ပနိုင်ငံတွေကို တိုက် တွန်းခဲ့ပါတယ်။ အခုလို အကြံဉာဏ်ပေးတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဗမာအုပ်စုတွေအ ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လုပ်ဆောင်ချက်တွေကို အပုပ်ချဖို့မဟုတ်ပါ။

စစ်တပ်ပြိုလဲမှုကြောင့် အမှားအယွင်းတွေ ရှိလာနိုင်ပြီး ဖြစ်ပေါ်လာနိုင်သော အရေးပေါ်ကိစ္စတွေအတွက် ပြင်ဆင်မှုပြုလုပ်ဖို့ ယခု လိုအပ်လာပါပြီ။

မြန်မာ့တပ်မတော်အတွက် အခြေအနေက ပိုဆိုးရွားလာခဲ့ပြီး တပ်မ တော်ဟာ ရှုံးနိမ့်မှုတွေအတွက် ပိုမို ရက်စက်ကြမ်းကြုတ်စွာ လက်တုံ့ပြန်ခဲ့ပါတယ်။

The Washington Post က ဖော်ပြခဲ့သလို မြန်မာစစ်တပ်တွင်း စိတ်ဓာတ်ရေးရာကျဆင်းနေပြီး ဘက်ပြောင်းခိုလှုံမှုတွေရှိကာ စစ်သားတွေဟာ ကြောက်မတ်ဖွယ်ရာ အခြေအနေတွေအောက်မှာ တိုက်ခိုက်နေရပါတယ်။

မြန်မာစစ်တပ်ဟာ ကိုယ့်တပ်ဖွဲ့ဝင်တွေကို ထိုးကျွေးနေပြီး စစ်သားတွေကို ထီးတည်းဖြစ်စေကာ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ထွက်ပြေးလို့ ပြန်ဖမ်းဆီးမိတဲ့သူတိုင်းကို ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံ ပါတယ်။ မြန်မာစစ်တပ်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ် ဆင်မှုကြောင့် အစုလိုက်အပြုံလိုက် လက်နက်ချတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လက်နက်ချ သို့ မဟုတ် ဘက်ပြောင်းခဲ့တဲ့ မြန်မာစစ်သားတွေက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်မြေပြင်အောင်မြင်မှုက နယ်မြေတွေ ထိန်းချုပ်နိုင်ယုံသာမက မြန်မာစစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ တပ်ဖွဲ့တွေရဲ့ စည်းလုံးမှုကိုလည်း ထိခိုက်စေတယ်လို့ ဘက်ပြောင်းလာ တဲ့ စစ်သား ၃၀ ကျော်က ပြောပါတယ်။ ဒီမိုကရေစီဘက်တော်သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မျက်နှာစာပေါင်းစုံ ထိုးစစ်ဆင်မှုအတွင်း စစ်မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်အားဖြည့်တင်းဖို့နဲ့ ခဲယမ်းမီး ကျောက် ဖြည့်တင်းဖို့ တောင်းဆိုမှုတွေကလည်း အဖြေမရပါဘူး။

သူ့တပ်ရင်းမှာ ရိက္ခာနည်းပါးလာတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သားယောင်ဆောင် ကာ ရွာသားတွေထံမှ စားနပ်ရိက္ခာဝယ်ယူရတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဉီးက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မလေ့ကျင့်ပေးဘဲ ရှေ့တန်းသို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို အဓမ္မ စစ်တပ်ထဲ သွင်း ခဲ့တာကြောင့် မတိုက်ခိုက်လိုခဲ့ဘူးလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။

တပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အသက်ရှင်ဖို့ ကယ်လိုရီမပြည့်တဲ့ ရိက္ခာတွေ ကျွေးမွေးကာ စစ်ဝတ်ကိရိယာ နည်းပါးကာ လက်နက်လဲ မပြည့်စုံသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရ အောင် ထိန်းချုပ်ထားတာကြောင့် “ကျွေးကျွန်ဘဝ” ရောက်နေရတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဉီးက ပြောပါ တယ်။ စစ်တပ်ကနေထွက်ပြေးရင် သေချာပေါက် နှိပ်စက်ကလူပြုခံရမယ်လို့ စစ်တပ်မှ ဘက်ပြောင်းလာသူတွေ က ပြောပါတယ်။

မြန်မာစစ်တပ်တွင်း အခြေအနေက ဆိုးရွားလာခဲ့ပြီလို့ လွိုင်ကော်မြို့အပြင်ဘက်မှာ လက်နက်ချခဲ့တဲ့ စစ် ကောင်စီတပ်သား ကျော်လွင်က ရဲတပ်ဖွဲ့ကို ပြောပါတယ်။ “ကျွန်တော် စစ်တပ်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေ မယ့် ကံမကောင်းစွာနဲ့ ဖမ်းဆီးခံခဲ့ရပြီး အရမ်းကို နှိပ်စက်ခံခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ် ဟာ အရင်က ဘက်ပြောင်းမှုတွေ၊ လက်နက်ချတာတွေ မကြုံတွေ့ခဲ့ဖူးဘဲ ငယ်ရွယ်သူတွေအတွက် စစ်မှုထမ်းဉပ ဒေကို ပြဌာန်းခဲ့ပါတယ်။

သို့သော်လည်း စစ်မှုထမ်းဉပဒေဟာ မြန်မာစစ်တပ်ရဲ့ အင်အားချိနဲ့လာမှုကို ပြသနေပြီး မျှော်မှန်းထား သည်နှင့်ဆန့်ကျင်သောရလဒ် ဖြစ်ပေါ်စေဖွယ်ရှိပါတယ်။ စစ်မှုထမ်းဉပဒေကို အသက်သွင်းလိုက်တာကြောင့် ရှောင်ပုန်းဖို့ အဆင်သင့်မဖြစ်သေးတဲ့ လူငယ်တွေဟာ PDF သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း သို့မဟုတ် နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ပြီး တတိယနိုင်ငံတွေကိုသွားရောက်ဖို့ ကြိုးပမ်းနေကြပါတယ်။

စစ်မြေပြင်မှာ မြန်မာစစ်တပ်ဟာ ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရသလို အရေးပါသော ပြည်ပထောက်ခံသူတွေ ကိုပါ ဆုံးရှုံးနေရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအပြီး ၃ နှစ်အကြာမှာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကိုသွားရာ အရေးပါသော နယ်စပ်ဖြတ်ကျော်ဂိတ်တွေ အပါအဝင် စစ်ဘက်စခန်းနဲ့မြို့ ၃၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တယ်လို့ အိုင်ဗန်ကလစ်ဆတ်ဇ်နဲ့ ဟာရိုးချန်ဘာတို့က The Diplomat မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေအပြင် နယ်စပ် တစ်လျှောက် တိုက်ပွဲတွေကြောင့် အာဏာသိအ်းစစ်ကောင်စီဟာ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး မတည်ငြိမ်ခဲ့ပါဘူး။ အခုဆိုရင် အာဏာသိမ်းစစ်ကောင်စီဟာ အရေးပါသောမိတ်ဖက်အဖြစ် ရုရှားနိုင်ငံကိုသာ မှီခိုအားထားရပါတယ်။ တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်ကောင်စီဟာ စိတ်ဓာတ်တက်ကြွနေပြီး ထိထိရောက်ရောက် လက်တွဲလုပ် ဆောင်နေတဲ့ အတိုက်အခံတွေကို ရင်ဆိုင်နေရပါတယ်။

“မြန်မာ့တော်လှန်ရေးဟာ ကမ္ဘာကြီး မကြုံတွေ့ဖူးတဲ့ အောင်မြင်မှုအရှိဆုံး အာဏာရှင်ဆန့်ကျင်ရေး လှုပ် ရှားမှုတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယခင် ဒီမိုကရေစီလှုပ်ရှားမှုနဲ့မတူတာက စစ်ကောင်စီကိုတော်လှန်ဖို့ ကြီး မားသော ပေးဆပ်မှုတွေပြုလုပ်လိုတဲ့ မတူညီသောဇာတ်ကောင်တွေ ပါဝင်လာတာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပံ့ ပိုးကူညီမှုနည်းပါးပြီး ငွေကြေး၊ လက်နက်လိုမျိုး အားသာချက်နည်းပါးပေမယ့် ဒီအချက်တွေဟာ တော်လှန်ရေး လှုပ်ရှားမှု အောင်မြင်စေတဲ့ အခြေခံတွေဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံ၊ ငြိမ်းချမ်းရေးအင်စတီကျု့ရဲ့ အာဏာ သိမ်းမှု ၃ နှစ်ပြည့် အထိမ်းအမှတ် လေ့လာချက်တစ်ခုက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်း ဗိုလ်မှူးချုပ် ၁၀ ဉီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး မြို့ပေါင်း ၃၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါ တယ်။ ခြုံငုံပြောပါက အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဟာ တပ်ဖွဲ့ဝင် ၃၀၀၀၀ ထက်မနည်း ဆုံးရှုံးခဲ့ရတယ် လို့ အဆိုပါလေ့လာမှုက ဆိုပါတယ်။

နယ်မြေထိန်းချုပ်ရာမှာ မထိရောက်စေတဲ့ စစ်တပ်တွင်း သိသိသာသာ ဘက်ပြောင်းမှုတွေ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မြို့ကြီးတွေအပေါ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ စစ်တပ်တွင်း ထိပ်ပိုင်းတွေကြား အ ကွဲအပြဲတွေကြောင့် စားပွဲဝိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးလာနိုင်ပါတယ်။

Council on Foreign Relations ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Joshua Kurlantzick ရဲ့ Myanmar’s army is collapsing ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

#Ayeyarwaddy_Times