
ဧရာဝတီတိုင်းမ်
မတ်လ ၁၃ ရက်
ထိုင်းဘုရင့်နန်းတော်ဆိုင်ရာဥပဒေကို ဆန့်ကျင်ကြောင်း တွေ့ရှိမှုကြောင့် ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို တောင်းဆိုမယ်လို့ ထိုင်း ရွေးကောက်ပွဲကော်မရှင် က မတ်လ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
MFP ကိုဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့တာလို့ ထိုင်း ရွေးကောက်ပွဲကော်မ ရှင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ MFP ဟာ ထိုင်းဘုရင့်နန်းတော်ဆိုင်ရာ ပုဒ်မ ၁၁၂ ကို ပြင်ဆင် မယ့် မူဝါဒတစ်ရပ်ကို ကိုင်စွဲထားပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ မကြာသေးမီက တွေ့ရှိချက်တွေကို အခြေခံကာ MFP ဟာ နိုင်ငံရေးပါတီများဆိုင် ရာ ပုဒ်မ ၉၂ ကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
အဆိုပါပုဒ်မဟာ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို ဘုရင်စနစ် ခြိမ်းခြောက်တဲ့ ဘယ်လို နိုင်ငံရေးပါတီကိုမဆို ဖျက် သိမ်းခွင့်ပေးထားပါတယ်။
MFP ဟာ ထိုင်းဘုရင်စနစ်ကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုအားလုံးကို ရပ်ဆိုင်းရမှာဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုဟာ ဘုရင်စနစ်ဖျက်သိမ်းဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် မှတ်ယူတယ်လို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဇန်နဝါရီလ ၃၁ ရက်မှာ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။
တော်ဝင်ဘုရင်ကို အသရေပျက်စေတဲ့ဉပဒေကို ပြင်ဆင်မယ့် MFP ရဲ့ အစီအစဉ်ဟာ ထိုင်းနိုင်ငံမှ သက်ဉီး စံပိုင်ဘုရင်စနစ်ကို ခွဲထုတ်မယ့် ရည်ရွယ်ချက်တစ်ခုဖြစ်ကာ နိုင်ငံတော်လုံခြုံရေးအတွက် သိသိသာသာ အန္တရာယ် ဖြစ်စေတယ်လို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်မှာ ပုဒ်မ ၁၁၂ကို ပြင်ဆင်မယ့် ဉပဒေ ကြမ်းတစ်ရပ်ကို လွှတ်တော်အမတ် ၄၄ ဉီး တင်သွင်းချိန်မှာ MFP ခေါင်းဆောင် ပီတနဲ့ ပါတီဟာပုဒ်မ ၁၁၂ ကို ပြောင်းလဲဖို့ သို့မဟုတ် ဖျက်သိမ်းဖို့ ကြိုး စားခဲ့တယ်လို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဆိုပါတယ်။
ပီတနဲ့ MFP ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ပြောပါတယ်။
MFP ဟာ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁၄ ဒသမ ၄ သန်းနဲ့ အနိုင်ရရှိခဲ့ ပေမယ့် ညွန့်ပေါင်းအစိုးရတစ်ရပ် မဖွဲ့စည်းနိုင်ခဲ့လို့ အမတ်နေရာ ဒုတိယအများဆုံးရရှိခဲ့တဲ့ Pheu Thai ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ပါတယ်။
MFP ဟာ တရားရုံးမှာ ခုခံကာကွယ်မှာဖြစ်ပြီး ပါတီကို ဖျက်သိမ်းလာရင် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးသား လို့ MFP ပြောရေးဆိုခွင့်ရှိသူ ပါရစ်ဝါချာရာဆင်ဒူက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Election Commission to seek Move Forward’s dissolution