
ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
အစိုးရရဲ့ ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆန္ဒပြမှုအဖြစ် အလုပ်ကနေ နှုတ် ထွက်ခဲ့တဲ့ အငယ်တန်းဆရာဝန် ၄၉၀၀ ရဲ့ ဆေးကုသခွင့်လိုင်စင်တွေကို ရုပ်သိမ်းမယ့်လုပ်ငန်းစဉ်တွေ စတင်ခဲ့ပြီ လို့ တောင်ကိုရီးယားနိုင်ငံက ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ဆရာဝန်အရေအတွက် တိုးလာစေမယ့် အစိုး ရရဲ့ အစီအစဉ်တွေဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ဟာ ဆရာဝန်တွေပြတ်လပ်မှုနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ သက် ကြီးပြည်သူတွေ များပြားလာမှုကို တိုက်ဖျက်ဖို့လို့ အစိုးရက ပြောပေမယ့် ဝန်ဆောင်မှုအရည်အသွေး ပျက်စီးစေ မယ်လို့ ဆန္ဒပြ ဆရာဝန်တွေက ပြောပါတယ်။
တောင်ကိုရီးယားအစိုးရက သင်တန်းသားလုပ်သားအင်အားရဲ့ ၉၃ ရာခိုင်နှုန်းဖြစ်တဲ့ ဆရာဝန် ၁၂၀၀၀ နီး ပါးကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ညွှန်ကြားကာ ဉပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ပေမယ့် ဆန္ဒပြဆရာဝန်တွေ က အလုပ်ပြန်ဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရဟာ ပြည်သူတွေကို ဆေးကုသမှုပေးဖို့ ဆန္ဒပြဆရာဝန်တွေရဲ့နေရာမှာ စစ်ဆရာ ဝန်တွေ ဆင့်ခေါ်ကာ ရန်ပုံငွေ ဒေါ်လာသန်းချီ သုံးစွဲခဲ့ရပါတယ်။
လုပ်ငန်းခွင်ပြန်ဝင်ဖို့ ငြင်းဆန်ခဲ့သော ထောင်နဲ့ချီတဲ့ ဆန္ဒပြဆရာဝန်တွေထံ ဆေးကုသခွင့်လိုင်စင်တွေ ရုတ်သိမ်းမယ်ဆိုတာ သတိပေးထားတဲ့ စာတွေ ပေးပို့ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောပါတယ်။
ဆေးကုသခွင့်လိုင်စင် ၃ လကြာ ရပ်ဆိုင်းတာ ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားအစိုးရက အစောပိုင်းမှာ ဆန္ဒပြဆရာဝန်တွေကို သတိပေးခဲ့ပါတယ်။ ဆန္ဒပြဆရာဝန်တွေ မိဘတွေထံပြန်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချွန်ဗြောင်ဝမ်က တိုက်တွန်းခဲ့ပါတယ်။
“သင်တန်းသားဆရာဝန်တွေ သူတို့ရဲ့ ဆေးကုသခွင့်လိုင်စင်တွေ ရုတ်သိမ်းတာမပြုလုပ်မီ အလုပ်ပြန်ဝင် ရင် အစိုးရက သူတို့ရဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ကာကွယ်ပေးသွားမှာပါ။ အလုပ်ပြန်ဝင်တဲ့ဆရာ ဝန်တွေဟာ အရေးယူခံရမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
အစိုးရက ဆန္ဒပြဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲ တံခါးဖွင့်ထားပြီး ဆေးလောက ပြုပြင်ပြောင်း လဲရေးအတွက် ဆေးလောကအသိုင်းအဝိုင်းရဲ့ ထင်မြင်ယူဆချက်တွေကို လေးစားသမှုရှိကာ နားထောင်မှာဖြစ် တယလို့ ၎င်းက ဆက်ပြောပါတယ်။
အငယ်တန်းဆရာဝန်တွေ ဆန္ဒပြတာကြောင့် ခွဲစိတ်ကုသမှုလုပ်မယ့်သူတွေ အစီအစဉ်ဖျက်သိမ်းရကာ ပြည်သူတွေ ဆေးရုံပြဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး ဆေးရုံကြီးတွေမှာ ကုသမှုတွေ နှောင့်နှေးခဲ့ရပါတယ်။
တောင်ကိုရီးယားဉပဒေအရ ဆရာဝန်တွေကို ဆန္ဒပြခွင့် ကန့်သတ်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းခွင်ရပ်တန့်မှု ဖြစ်ပေါ်စေမှုနဲ့ဆက်စပ်သူတွေကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – AFP
Ref; South Korea begins suspending licences of 4,900 striking doctors; leaves door open for dialogue