ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

အမေရိကန်နိုင်ငံက ရုရှားသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှား ပြည် ပထောက်လှမ်းရေးအဖွဲ့က စွပ်စွဲခဲ့ပြီး အမေရိကန်နိုင်ငံဟာ ရုရှားရဲ့ အွန်လိုင်းမဲပေးစနစ်ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ဖို့ အစီအစဉ်တွေရှိတယ်လို့ ပြောပါတယ်။

ပြည်အင်အားကြီးတိုင်းပြည်တွေရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ဘယ်လို ကြိုးပမ်းမှုမျိုးကိုမဆို ကျူးကျော်တိုက်ခိုက်မှုတစ်ခုအဖြစ် မှတ်ယူမယ်လို့ မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ သမ္မတရွေးကောက်ပွဲမှာ အ နိုင်ရဖို့ သေချာလုနီးပါးဖြစ်တဲ့ သမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့ပါတယ်။

အမေရိကန်အစိုးရက ရုရှား ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိခဲ့တယ်လို့ ရုရှား SVR ပြည်ပထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ရုရှား ပြည်ပထောက်လှမ်းရေးအဖွဲ့ ရရှိတဲ့ သတင်းတွေအရ ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးအောင် အမေရိကန် NGOs တွေကို အမေရိကန်အစိုးရက တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်” လို့ SVR ပြည်ပထောက် လှမ်းရေးအဖွဲ့က ပြောပါတယ်။

အမေရိကန်ဉီးဆောင် IT ပညာရှင်တွေရဲ့ ပါဝင်မှုနဲ့ အီလက်ထရောနစ် မဲပေးစနစ်အပေါ် ဆိုက်ဘာတိုက် ခိုက်မှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်လို့ SVR ပြည်ပထောက် လှမ်းရေးအဖွဲ့က ဆိုပါတယ်။

အနောက်နိုင်ငံတွေက ပူတင်ကို အာဏာရှင်တစ်ဉီး၊ စစ်ရာဇဝတ်ကောင်နဲ့ ရုရှားနိုင်ငံကို အင်အားချိနဲ့စေ ခဲ့တဲ့ လူသတ်ကောင်တစ်ဉီးအဖြစ် ရှုမြင်ထားပါတယ်။

နိုဝင်ဘာလအတွင်းပြုလုပ်မယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်မှာမ ဟုတ်ဖူးလို့ ရုရှားသမ္မတရုံးက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရု ရှားက စွက်ဖက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ တွေ့ရှိချက်တွေကို ပယ်ချခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ထက် နောက်လာမယ့်အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပိုမို သင့်တော်တယ်လို့ ၁၉၉၉ ခုနှစ်ကတည်းက ရုရှားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ ပူတင်က ဆိုပါတယ်။

ကိုးကား – Reuters
Ref; Russia’s spy service accuses US of trying to meddle in presidential election

#Ayeyarwaddy_Times