
ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာမှာ မြန်မာနိုင်ငံတစ်ဝှမ်း တိုက် ပွဲတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေ ဆက်လက် ဆိုးရွားနေပြီး နေ့စဉ် အပြစ် မဲ့ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိနေပါတယ်။
UNOCHA ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကြေညာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု လိုအပ် ချက်နဲ့ တုံ့ပြန်ရေးစီမံချက်အရ ကလေးငယ် ၆ သန်း အပါအဝင် ပြည်သူ ၁၈ ဒသမ ၆ သန်းခန့်ဟာ လူသားချင်းစာ နာမှု အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
ဂျပန်အစိုးရဟာ အာဏာသိမ်းမှုနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော အ ဖွဲ့အစည်းတွေမှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်း စဉ် ဆက်မပြတ် ထောက်ပံ့ခဲ့ရာ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် ပိုမို မြင့်မားလာမှုကို တုံ့ပြန်မှုအ ဖြစ် ဂျပန်အစိုးရဟာ လူသားချင်းစာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ၃၇ သန်း ထပ်တိုး ကူညီဖို့ ဆုံးဖြတ် လိုက်ပါတယ်။
ဂျပန်အစိုးရရဲ့ ငွေကြေးအကူအညီကို UNICEF၊ WFP၊ UNHCR၊ ICRC၊ UN Women၊ AHA Center နဲ့ အစိုး ရမဟုတ်သော အဖွဲ့အစည်းတွေမှတစ်ဆင့် ပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဂျပန်အစိုးရရဲ့ အကူအညီထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ်တွေအတွက် အာဟာရ၊ ရေ၊ သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ပညာရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လူကုန်ကူးခံရသူတွေအတွက် ပံ့ပိုးကူညီမှု၊ မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေး အစီအမံတွေ ပါဝင်ပါတယ်။
အဆိုပါ ငွေကြေးအကူအညီတွေကို မြန်မာနိုင်ငံရှိ ပြည်သူတွေကိုသာမက အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ပြည် သူများသို့လည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
ဘေးကင်းပြီး ပိတ်ပင်မှုမရှိသော လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ ဂျပန်အစိုးရက မြန်မာ စစ်တပ်ကို အလေးထား တိုက်တွန်းပြီး လိုအပ်သော အကူအညီတွေရရှိရေး မြန်မာပြည်သူတွေကို အကူအညီတွေ ဆက်လက် ပေးအပ်မယ်လို့ သိရပါတယ်။
ကိုးကား – https://www.mofa.go.jp
Ref; Additional humanitarian assistance to the people of Myanmar affected by the coup d’état