
ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆုမားတြားကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြးရေလျှံပြီး မြေ ပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၇၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပြီး ၁၉ ဦး သေဆုံးကာ ၇ ဦး ပျောက် ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အနောက်ဆုမားဆြားပြည်နယ်ရဲ့မြို့တော် ပါဒန်းနဲ့ ဧရိယာရှစ်ခုမှာ ရေဘေးကြောင့် နေအိမ် ၇၀၀ နီးပါး၊ တံတားတွေ၊ စာသင်ကျောင်းတွေနဲ့ ရာနဲ့ချီတဲ့ စိုက်ပျိုးမြေတွေ ပျက်စီးခဲ့ရပါတယ်။
အင်ဒိုနီးရှား ကယ်ဆယ်ရေးအေဂျင်စီက ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေပြီး ကယ်ဆယ်ရေးသ မား ၁၅၀ ဟာ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်ကာ မြေပြိုပြီးနောက် လမ်းတွေ ပိတ်ဆို့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာမှာ အဟန့်အတားတွေ့နေရပါတယ်။
“ကယ်ဆယ်ရေးလုပ်ငန်းမှာ ဌာနအသီးသီးမှ ကယ်ဆယ်ရေးသမား ၁၅၀ ပါဝင်ပါတယ်” လို့ ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ အဗ္ဗဒူမာလစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဘေးလွတ်ရာရွှေ့ပြောင်းပေးသူတွေကို အနီးဆုံးရှိ ဝတ်ပြုဗလီကျောင်းတွေမှာ စုဝေးခဲ့ပြီး အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ပံ့ပိုးပေးကာ ရေကျသွားပြီဖြစ်တာကြောင့် အချို့က အိမ်ပြန်သွားပြီလို့ အင်ဒိုနီးရှား ဘေး အန္တရာယ် ကယ်ဆယ်ရေးအေဂျင်စီ (BNPB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီက ပြောပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်း ပိုပြီး မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ မျှော်မှန်းရတာကြောင့် ရေကြီး ရေလျှံမှုတွေ၊ မြေပြိုမှုတွေ ထပ်မံ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသအေဂျင်စီက သတိပေးပါတယ်။
ကိုးကား – Reuters
Ref; Indonesia floods, landslide kill 19, with 7 missing