ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ဧရာ၀တီတိုင်းနှင့် ရခိုင်ပြည်နယ် ထိစပ်နေသော ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးစင်ကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က စတင်၍ စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှုများပြုလုပ်နေကြောင်း ဒေသခံများ ထံကသိရသည်။

“ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတစ်ခါ အခုမတ်လ ၆ရက်နေ့ က ဒုတိယအကြိမ်ထပ်ရောက်လာတာ အင်အားက ၁၀၀လောက်တော့ရှိမယ် နယ်မြေစိုးမိုးရေးလို့ပြောတာပဲ”ဟု ဒေသခံတစ်ဦးက
ဧရာ၀တီတိုင်မ်းကို ပြောသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်သောနေသောနေရာများအနက် မကျီးစင်ကျေးရွာအုပ်စု ဘက်မှ ရခိုင့်တပ်တော် AA၀င်ရောက်နိုင်သည်ဟုစစ်ကောင်စီက ယူဆပြီး လက်နက်ကြီးများ တပ်ဆင်ဖို့ ပြင်ဆင်ထားကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ဧရာ၀တီတိုင်းအတွင်းမှ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်ကမ်းခြေများတွင် ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်၍ အမြှောက်များပစ်ခတ်လေ့ကျင့်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များအနေဖြင့် ရခိုင်ရိုးမအစပ်တွင် နေထိုင်သောကျေးရွာပြည်သူများကို တောအတွင်း သစ်၊ဝါးခုတ်ယူခြင်းမပြုလုပ်ရန်နှင့် တောအတွင်း နေထိုင်ပြီးလုပ်ကိုင်စားသောက်နေသူများကိုလည်း ရွာများတွင် ပြန်လည်နေထိုင်ရန် ဖိအားပေးညွှန်ကြားထားသည်။

ပုံစာ- ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော ကမ်းခြေများတွင် တွေ့ရသောစစ်ကောင်စီတပ်သားများ

#ဧရာ၀တီတိုင်း #ရခိုင်ပြည်နယ် #ပုသိမ်မြို့နယ် #ရွှေသောင်ယံမြို့ #မကျီးစင်ကျေးရွာအုပ်စု #Ayeyarwaddy_Times