
ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ခိုလှုံနေတဲ့ ပထမအသုတ် မြန်မာဒုက္ခ သည်တွေကို သောကြာနေ့က နေရပ်ပြန်ပို့မှု စတင်ခဲ့ပြီး လာမယ့်ရက်တွေအတွင်း နောက်ထပ် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံနဲ့ ဗီဇာမလိုတဲ့ နယ်စပ်တစ်လျှောက် အပြန်အလှန်သွားရောက်ခွင့်ပြုတဲ့ မူဝါဒ အဆုံးသတ် မယ်လို့ အိန္ဒိယနိုင်ငံက ကြေညာပြီးနောက် သီတင်းပတ်များစွာအကြာမှာ မြန်မာဒုက္ခသည်တွေကို အခုလို နေရပ် ပြန်ပို့တာပါ။
မြန်မာနိုင်ငံမှ ထောင်နဲ့ချီတဲ့ အရပ်သားတွေနဲ့ ရာနဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး လူမျိုးစုတင်းမာမှုတွေ ပျံ့နှံ့လာမှာကို အိန္ဒိယနိုင်ငံက စိုးရိမ်နေပါတယ်။
“အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ ပထမအသုတ် မြန်မာနိုင်ငံသားတွေကို ဒီနေ့ နေရပ်ပြန် ပို့ခဲ့ပါတယ်” လို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်ရဲ့ ဝန် ကြီးချုပ် ဘီရန်ဆင်းဂျ်က ပြောပါတယ်။
မဏိပူရ်ပြည်နယ်ဟာ သောကြာနေ့မှစပြီး မြန်မာဒုက္ခသည် ၇၇ ဉီးကို နေရပ်ပြန်ပို့ဖို့ စီစဉ်ခဲ့တယ်လို့ ပြည် နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပထမအသုတ် မြန်မာဒုက္ခသည်တွေဟာ အိန္ဒိယနယ်စပ်မြို့ မိုရေးသို့ ရောက်ရှိလာခဲ့ပြီး စနေနေ့က စစ် ကောင်စီ အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဉီးက ပြောပါတယ်။
ဒုက္ခသည်တွေကို လုံခြုံရေးဗင်ကားတွေနဲ့ခေါ်ဆောင်ကာ လေဆိပ်တစ်ခုသို့ ပို့ဆောင်တဲ့ ရုပ်သံဖိုင်တစ်ခု ကို ဘီရန်ဆင်းက လူမှုကွန်ရက် X မှာ တင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာပဋိပက္ခကြောင့် ထွက်ပြေးလာခဲ့သူတွေကို လူသားချင်းစာနာမှု အခြေခံကာ စနစ် တကျ ချည်းကပ်ပြီး နေစရာနဲ့ အကူအညီ ပေးအပ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Reuters
Ref; India Begins Deporting First Group of Myanmar Refugees Who Fled 2021 Coup