
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
မြန်မာ့အရေး ဆွေးနွေးပွဲမှာ အတိုက်အခံတွေကို ဖိတ်ကြားတဲ့ ထိုင်းလွှတ်တော်ရဲ့ဆုံးဖြတ်ချက်က မြန်မာ့ အရေးနဲ့ပတ်သက်လို့ ထိုင်းအစိုးရရဲ့ ချည်းကပ်မှု အပြောင်းအလဲတစ်ခုလို့ လေ့လာဆန်းစစ်သူတွေက ပြောပါ တယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ဗန်ကောက်မြို့တော်ရှိ ထိုင်း လွှတ်တော်အဆောက်အအုံမှာ ကျင်းပပြီး အတိုက်အ ခံ Move Forward Party (MFP) က ကမကထပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲဟာ ဒီမိုကရေစီနဲ့ နှစ်နိုင်ငံ ကြား နယ်စပ်တစ်လျှောက် လုံခြုံရေးရာကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ တက်ရောက်သူတွေက အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ပေးအပ် ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဉီးဆောင်ဆွေးနွေးသူတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန် ဒရူးစ်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်းတို့လည်း ပါဝင်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ နဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေလည်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီ ကိုယ်စားလှယ် တွေတော့ မတက်ရောက်ခဲ့ပါဘူး။
“မြန်မာစစ်ကောင်စီနဲ့ အထူးဆက်ဆံရေး ဆုံးရှုံးမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပရာယွပ်ချန်အိုချာ အစိုးရ လက်ထက်မှာ ဒီလိုအစည်းအဝေးမျိုးတွေ ဘယ်တော့မှ မပြုလုပ်ခဲ့ပါဘူး” လို့ Kasetsart တက္ကသိုလ်မှ သမိုင်းပ ညာရှင်တစ်ဉီးဖြစ်သလို အမျိုးသားလုံခြုံရေး ကိစ္စရပ်များဆိုင်ရာ ထိုင်းအစိုးရ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ လာလီ တာဟန်ဝမ်က ပြောပါတယ်။ ထိုင်းအစိုးရဟာ အုပ်စုအမျိုးမျိုးကွဲလာတဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်နိုင်ချေအမျိုးမျိုးအ တွက် ပြင်ဆင်နေတယ်ဆိုတာ မြန်မာ့အရေးဆွေးနွေးပွဲက ပြသနေတယ်လို့ သူက ဆိုပါတယ်။ “လူနည်းစု တိုင်း ရင်းသားအုပ်စုတွေတဲ့ ထိုင်းနိုင်ငံရဲ့ဆက်ဆံရေး ရည်မှန်းချက်ကို အကဲဖြတ်ဖို့ အရေးကြီးပါတယ်” လို့ ၎င်းက ပြော ပါတယ်။
မတ်လ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့တဲ့ အဆိုပါဆွေးနွေးပွဲဟာ အာဏာသိမ်းစစ်ကောင်စီကို အမျက် ထွက်စေခဲ့လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာတစ်စောင် ပေးပို့ကာ ထိုင်း-မြန်မာ ဆက်ဆံရေးကို ဂုဏ်သိက္ခာစွန်းထင်းစေခဲ့ပြီလို့ ပြောပါတယ်။
မြန်မာ့အရေး ဆွေးနွေးပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟက်ဒါနူကာရာက မိန့်ခွန်းတစ်ရပ် ပြောကြားဖို့ စီစဉ်ထားပေမယ့် နောက်ဆုံးမိနစ်မှာ ရှင်းပြချက်မရှိဘဲ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ “ထိုင်း နိုင် ငံခြားရေးဝန်ကြီးဌာနဟာ ဆွေးနွေးပွဲကို ပူးတွဲ ကမကထပြုလုပ်သူမဟုတ်လို့ ဒီကိစ္စအပေါ် မှတ်ချက်မပေးပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း အာဏာရလာခဲ့တဲ့ ဝန်ကြီးချုပ် ဆရတ်သာသာဗီဆင်းလက်ထက်မှာ ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပိုမို တက်ကြွသောချည်းကပ်မှုတစ်ခု လုပ်ဆောင်လာခဲ့ပါတယ်။ ထိုင်း အစိုးရရဲ့ ပထမဆုံး အရေးပါသော လုပ်ဆောင်ချက်မှာ မြန်မာစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ကာ ဒီလအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ လူသားချင်းစာနာမှုစင်္ကြံတစ်ခု ဖွင့်လှစ်မယ့် အစီအစဉ်ဖြစ်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အဆိုပါအစီအစဉ်ကို ဇန်နဝါရီလအတွင်း တစ်ညီတစ်ညွတ်ထဲ ထောက်ခံခဲ့သလို အမေရိကန်နိုင်ငံကလည်း ထောက်ခံခဲ့ပါတယ်။ သို့သော်လည်း လူသားချင်းစာနာမှုစင်္ကြံ ဖွင့်လှစ် မယ့် အစီအစဉ်ဟာ လုပ်ပိုင်ခွင့်အကန့်အသတ်၊ လူနည်းစု တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိမှုက အကျိုးသက်ရောက်မှုများစွာ မရှိဘူးလို့ဆိုတဲ့ ကျွမ်းကျင်သူတွေနဲ့ အကူအညီပေးရေးလုပ်သားတွေရဲ့ ဝေဖန်မှုကို ကြုံတွေ့နေရပါတယ်။
အမေရိကန်နိုင်ငံဟာ ဒေသတွင်း လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် ထိုင်းနိုင်ငံနဲ့ အနီးကပ် လက်တွဲ ဆောင်ရွက်လိုတယ်လို့ အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ကရက်တန်ဘရင့်က ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံကနေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တွေကို ပံ့ပိုးကူညီတဲ့ ထိုင်း အစိုးရရဲ့ ကြိုးပမ်းမှုတွေနဲ့ နယ်စပ်တစ်လျှောက် လူသားချင်းစာနာမှု အကူအညီပေးမှု တိုးမြှင့်မယ့် ဝန်ကြီးချုပ် သာဗီဆင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် ချီးကျူးပါတယ်” လို့ သူက ရုပ်သံရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီလို့ခေါ်တဲ့ မြန်မာစစ် အစိုးရနဲ့ ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ပါတယ်။
ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပတာဟာ ထိုင်းအစိုးရအတွင်း ရပ်တည်ချက် အ ပြောင်းအလဲတစ်ခုဆိုတာ ညွှန်ပြနေတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြန်မာစစ်တပ်အရာရှိဟောင်း နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဉီးက ပြောပါတယ်။
“လက်ရှိ စစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင် နေရတာ ငြင်းလို့မရပါဘူး။ စစ်ကောင်စီရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းက ကျဆင်းလာခဲ့တာကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို အခုလို ဆွေးနွေးပွဲကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဆွေးနွေးပွဲက မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး တာရှည်ခံသော အဖြေတစ်ခုရှာဖို့ အထောက် အကူဖြစ်စေဖို့ မျှော်လင့်ကြောင်း ဆွေးနွေးပွဲကို ကမကထလုပ်ခဲ့တဲ့ ထိုင်း အောက်လွှတ်တော် အကြီးအကဲ ရန်စီ မန်ရွမ်မီက ပြောပါတယ်။
ထိုင်း လွှတ်တော်အမတ်တွေဟာ မြန်မာ့ နိုင်ငံရေးအခြေအနေကို အနီးကပ် ဆက်လက် စောင့်ကြည့်မယ် လို့ ဆွေးနွေးပွဲအပြီးမှာ MFP ခေါင်းဆောင်ဟောင်း ပီတလင်ဂျာရုတ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။ “ငြိမ်းချမ်းသော ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်ရေးဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်တာကြောင့် ကျွန် တော်တို့ လွှတ်တော်တွင်း လုပ်ပိုင်ခွင့်မှတစ်ဆင့် မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒတွေကို ဆက်လက် ထောက်ခံမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Benar News
Ref; Thai seminar with exiled Myanmar leaders signals shift in stance, say analysts