ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ မတ်လ ၆ ရက်နေ့က ဂရိဝန်ကြီးချုပ် ကိုင်ရီယာကော့စ်မစ်ဆိုတာကစ်နဲ့အတူ အိုဒစ် ဆာမြို့ရှိ ဆိပ်ကမ်းအဆောက်အအုံတွေကို စစ်ဆေးနေစဉ် ရုရှားတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် ကြီးမား သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မည်သည့်ခေါင်းဆောင်မှ ဒဏ်ရာမရရှိခဲ့ပါဘူး။ ဂရိကိုယ် စားလှယ်အဖွဲ့ စီးနင်းလာတဲ့ မော်တော်ကားမှ မီတာ ၁၅၀ အကွာမှာ ဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဂရိမီဒီ ယာတွေက ဖော်ပြပါတယ်။

ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“စစ်တပ်လား နိုင်ငံတကာဧည့်သည်တွေလားဆိုတာ ရုရှားက ဂရုမစိုက်ပါဘူး။ ရုရှားအတွက် အဲဒါတွေက ပြဿနာမဟုတ်ပါဘူး” လို့ ၎င်းက ပြောပြီး တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

မော်တာကားတွေဆီ ဉီးတည်သွားနေစဉ် ပြင်းထန်သော ပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရတယ်လို့ ဂရိဝန် ကြီးချုပ် မစ်ဆိုတာကစ်က ပြောပါတယ်။

“ကျွန်တော်တို့အတွက် ဒီမှာ တစ်ကယ့်စစ်ပွဲဖြစ်နေတယ်ဆိုတာ အကောင်းဆုံး အချက်ပေးတာဖြစ်ပါ တယ်။ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်စေပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှုတွေ ဆက်လက်ပြုလုပ်မယ်လို့ သူက ကတိပြုပြီး စစ်ရေးအကူအညီ တွေ ပေးအပ်မယ်လို့ ဆိုပါတယ်။

စနေနေ့က အိုဒစ်ဆာမြို့ဟာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ လူနေအဆောက်အအုံတစ်လုံး ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုခံခဲ့ရတာကြောင့် ကလေးငါးဉီး အပါအဝင် အရပ်သား ၁၂ ဉီး သေဆုံးခဲ့တယ်လို့ ယူက ရိန်းက ပြောပါတယ်။

ကိုးကား – NHK
Ref; Reports: Russian missile lands near Zelenskyy and Greek PM

#Ayeyarwaddy_Times