ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

တိုင်းပြည်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ မသေချာမရေရာမှုတွေ ရှိလင့်ကစား တရုတ်နိုင်ငံဟာ ဒီနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်တော့မှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အရေးပါသော မူဝါဒတွေကို ဆုံးဖြတ်ချက်ချမယ့် တရုတ်ပြည်သူ့ညီလာခံကို အင်္ဂါနေ့က စ တင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ညီလာခံအဖွင့်မှာ ကြေညာခဲ့တဲ့ တရုတ်အစိုးရရဲ့ ဘတ်ဂျက်စီမံချက်မှာ ကာကွယ်ရေးအသုံးစရိတ် ကို ယွမ် ၁ ဒသမ ၆၆၅ ထရီလီယံနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံအထိ တိုးမြှင့်ဖို့လည်း ပါဝင်ပါတယ်။

ယခုနှစ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပစ်မှတ်က မနှစ်ကအတိုင်း ၅ ရာခိုင်နှုန်းဝန်းကျင်သာရှိတယ်လို့ အ စိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် အစီရင်ခံတင်ပြခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် လီကျင်းက ကြေညာခဲ့ပါ တယ်။

“ဒီနှစ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပစ်မှတ်ကို အောင်မြင်ဖို့ရာ မလွယ်ကူပါဘူး။ တရုတ်အစိုးရက ထိ ရောက်တဲ့ အစီအမံတွေနဲ့အတူ ဒီရည်မှန်းချက်ပန်းတိုင် အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း ရှိ မရှိဆိုတာ စိတ် ဝင်စားနေကြပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေ ကို ခိုင်မြဲစွာ ကာကွယ်စောင့်ရှောက်နိုင်မယ့် ဘက်စုံ စစ်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ခိုက်ရေး အသင့်ဖြစ်မှုတွေကို မြှင့်တင်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ငြိမ်းချမ်းသော နယ်စပ်ဖြတ်ကျော် ဆက်ဆံရေး ဖြစ်လာဖို့ မြှင့်တင်သွားမည်ဖြစ်ပြီး ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ပေါင်းစည်းရေး ရှေ့ဆက် လုပ်ဆောင်မယ်လို့ သူက ပြော ပါတယ်။

တရုတ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်နေပါတယ်။ ထိုင်ဝမ်ကို တရုတ် ပြည်မနဲ့ ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်ထားတယ်လို့ တရုတ်နိုင်ငံက ပြောဆိုပေမယ့် ရည်မှန်း ချက်အောင်မြင်ရေး အင်အားအသုံးပြုမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; China to raise defense spending despite economic uncertainty

#Ayeyarwaddy_Times