
ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
ပင်လယ်နီအတွင်း ရေအောက်ကေဘယ်လ်ကြိုးတွေ ထိခိုက်မှုဖြစ်ခဲ့တာကြောင့် တစ်ကမ္ဘာလုံးမှာ ဆက် သွယ်ရေးကွန်ရက်တွေ သိသိသာသာ ပြတ်တောက်မှုဖြစ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ရေအောက်ကေဘယ်လ်ကြိုးတွေ ဘာကြောင့် ထိခိုက်ခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဟူသီသူပုန်တွေက ရေအောက်ကေဘယ်လ်ကြိုးတွေကို ပစ်မှတ်ထားဖွယ်ရှိတယ်လို့ ယီမင်အစိုးရ တာဝန်ရှိသူတွေ က သတိပေးခဲ့ပါတယ်။
အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းကြား အင်တာနက်လမ်းကြောင်းတွေရဲ့ ၂၅ ရာခိုင်နှုန်းကို လမ်းလွှဲပေး ဖို့ ဟူသီအဖွဲ့က အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံက နိုဝင်ဘာလအတွင်း ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်မှု စတင်ပြီးနောက် အီ ရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့ဟာ ပင်လယ်နီအတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘော တွေကို တိုက်ခိုက်လျက်ရှိရာ သင်္ဘောတွေက လမ်းကြောင်းပြောင်းရလို့ ကုန်ကျစရိတ်ဟာ ၆၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။
“ဒေသတွင်းတိုင်းပြည်တွေကို အင်တာနက်ပေးတဲ့ ပင်လယ်ရေပြင်အောက် ကေဘယ်လ်တွေကို ပစ်မှတ် ထားတိုက်ခိုက်မယ့်ရည်ရွယ်ချက် ကျွန်တော်တို့ မရှိပါဘူး” လို့ ဟူသီအဖွဲ့ခေါင်းဆောင် အဗ္ဗဒဲလ်မာလက်ခ်စဟူသီ က ပြောပါတယ်။
ဒေသတွင်းရှိ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေကြောင့်လည်း ရေအောက်ကေဘယ်လ်တွေ ထိခိုက်ပျက် စီးနိုင်တယ်လို့ ယီမင်အစိုးရက ပြောပါတယ်။
ပင်လယ်နီအတွင်းရှိ ရေအောက်ကေဘယ်လ်ကြိုး ၁၅ ခုအနက် ၄ ခု ပြတ်တောက်ခဲ့တာကြောင့် ၂၅ ရာ ခိုင်နှုန်းအထိ အင်တာနက်လိုင်းတွေ ထိခိုက်ခဲ့ရတယ်လို့ ဟောင်ကောင်ရဲ့ အကြီးမားဆုံး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း HGC Global Communications က ပြောပါတယ်။
ထိခိုက်ခဲ့ရတဲ့ အင်တာနက်ကွန်ရက်တွေက အာရှ၊ အာဖရိကနဲ့ ဉရောပလိုင်း ၁ ဖြစ်ပြီး တောင်အာရှဒေသ ကို အီဂျစ်မှတစ်ဆင့် ဥရောပနဲ့ ဆက်သွယ်ပေးတဲ့ မိုင် ၁၅၅၀၀ ရှိတဲ့ ကေဘယ်လ်စနစ်တစ်ခုဖြစ်တယ်လို့ HGC ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အိန္ဒိယကို ဆက်သွယ်ပေးထားတဲ့ EIG ကေဘယ်လ်လိုင်းလဲ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီကြီးတွေ အများစုဟာ အင်တာနက်လိုင်း ပြတ်တောက်မှုမရှိတဲ့ ရေအောက်ကေ ဘယ်လ်အမျိုးမျိုးအပေါ် အားထားရပါတယ်။
ကိုးကား – New York Post
Ref; Red Sea cables damaged, causing ‘significant’ disruption to global internet traffic