ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

အမေရိကန်နိုင်ငံက အဆင့်မြင့် တာလတ်ပစ်ဒုံးပစ်လောင်ချာတွေ၊ အမြောက်စနစ်တွေ အပါအဝင် ရုရှား ရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ယူကရိန်းသို့ ဒေါ်လာ သန်း ၅၅၀ တန်ကြေးရှိ စစ်လက်နက်တွေ ပေးပို့ မယ်လို့ အမေရိကန်အစိုးရက သြဂုတ်လ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ပေးပို့မယ့်စစ်လက်နက်တွေထဲမှာ ရုရှားနိုင်ငံရဲ့ ထိုးစစ်ဆင်မှုကိုကာကွယ်ရာမှာ ယူက ရိန်းတပ်ဖွဲ့တွေက မြေပြင်မှာ ထိထိရောက်ရောက် အသုံးပြုနေတဲ့ HIMARS ဒုံးပစ်စနစ်နဲ့ ၁၅၅ မီလီမီတာ အ မြောက်တွေလည်း ပါဝင်ပါတယ်။

“ဒီစစ်လက်နက်တွေအပါအဝင် ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းနိုင်ငံကိုပေးအပ်တဲ့ လုံခြုံရေးအ ကူအညီက ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံအထိ ရှိလာပါပြီ” လို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေဟာ တိုင်းပြည်ကိုကာကွယ်နေပြီး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတာ ကမ္ဘာ ကြီးကို နိုးကြားစေပြီး အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ပါတယ်လို့ အမေရိကန်အစိုးရက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒီစစ်လက်နက်တွေဟာ ၂၀၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူ ကရိန်းနိုင်ငံသို့ ၁၇ ကြိမ်မြောက် ပေးပို့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေ ကာကွယ်နိုင်ဖို့ စစ်ရေးအ ကူအညီ ပေးအပ်ရာမှာ ကမ္ဘာ့နိုင်ငံ ၅၀ ကျော်က မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဆက်လက်ပြီး အတူရပ်တည် မယ်လို့ သိရပါတယ်။

ကိုးကား – The Defence Blog
Ref; US to send more ammunition to Ukraine in latest aid package