ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်
အမေရိကန် အောက်လွှတ်တော်နာယက နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က တရုတ်နဲ့အမေရိကန်ကြား ဆက်ဆံရေးကို ထိခိုက်စေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျောင်ဂျန်က ပြောကြားလိုက် ပါတယ်။
နန်စီပီလိုစီက ဒီနေ့ ထိုင်ဝမ်ကို လာရောက်မယ်လို့ သတင်းရင်းမြစ်သုံးခုက ဆိုပါတယ်။ နန်စီပီလိုစီအနေ နဲ့ ထိုင်ဝမ်ကိုသွားရောက်မယ်ဆိုရင် တားဆီးမရနိုင်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ သတိပေးချက်တွေက ခြိမ်းခြောက်မှုဖြစ်စေမှာမဟုတ်ဖူးလို့ အမေရိကန်နိုင်ငံက ပြောပါတယ်။
“ဒီလိုမျိုးခရီးစဉ်တစ်ခုဆိုတာ အလွန်အန္တရာယ်များပြီး ရန်စမှုဖြစ်ပါတယ်။ ဒီခရီးစဉ်ဖြစ်လာမယ်ဆိုရင် နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိခိုက်စေပါလိမ့်မယ်” လို့ သြဂုတ်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တ ရုတ်နိုင်ငံရဲ့ ဥက္ကဌတာဝန်ယူတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၄င်းက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ အွန် လိုင်းတွေ့ဆုံမှုအတွင်း ထပ်လောင်းအတည်ပြုခဲ့တဲ့ တရုတ်တစ်နိုင်ငံတည်း အခြေခံမူ ကတိကဝတ်ကို လေးစားဖို့ သူက အမေရိကန်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို အသိအမှတ်ပြုတဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံဥပဒေက ဒီမိုကရေစီနည်းလမ်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို ခုခံကာကွယ်ရာမှာ အကူအ ညီပေးဖို့ ပြဌာန်းထားပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာကို စိန်ခေါ်တဲ့အတွက် စံနှစ်မျိုး ကျင့် သုံးနေတယ်လို့ ကုလသမဂ္ဂမှာ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။
ကိုးကား – CNA
Ref; China says Pelosi’s Taiwan visit would undermine US-China ties