မြရာ/‌ဧရာ၀တီတိုင်းမ်
မတ် ၇ ရက်

ကချင်ပြည်နယ် မြစ်ကြီးနားရှိ စစ်ကောင်စီ၏ လေတပ်စခန်းနှင့် KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်းများ အပါအ၀င် မြစ်ကြီးနား-ဗန်း မော်ကားလမ်းတစ်လျှောက်ရှိ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ မတ်လ ၇ ရက်နေ့တွင် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မတ် ၇ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအပါအ၀င် ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“အချိန်ယူပြီးမှ ထိုးစစ်စတင်ခဲ့တာပါဗျ။ တိုက်ပွဲက ဖြစ်နေတုန်းပါ” ဟု ပူးပေါင်း တိုက်ပွဲ၀င်နေသည့် စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ် လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ် စခန်းများ၊ မြစ်ကြီး နား-ဗန်းမော်ကားလမ်းတလျှောက်ရှိတပ်စခန်းများ၊ ဝိုင်းမော်မြို့ နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်မှတ် ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်စခန်းများ အပါအ၀င် မြစ်ကြီးနားလေတပ်စခန်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ရှောင် စခန်းတစ်ခုအတွင်းကျ ရောက်ပေါက်ကွဲသဖြင့် စစ်ရှောင်ကလေးအပါအ၀င် ပြည်သူအချို့သေဆုံးမှုရှိကြောင်း သိရသည်။

တိုက်ပွဲအခြေအနေနှင့် ထိခိုက်သေဆုံးအခြေအနေများကိုမူ ဧရာ၀တီတိုင်းမ်အ‌နေဖြင့် ဆက်လက် စုံစမ်း အတည်ပြုလျက်ရှိသည်။

#ကချင် #မြစ်ကြီးနား #လေတပ်စခန်း #စစ်ကောင်စီ #တပ်စခန်းများ #KIA #PDF #AA #ပူးပေါင်း #တပြိုင်နက်တိုက်ခိုက် #Ayeyarwaddy_Times