
ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ၊ ချောင်းသာ ကမ်းခြေ တွင် မတ်လ ၆ရက်နေ့က WY ဆေးပြား ၂၆သိန်းကျော် တင်ဆောင်ထားသော စက်လှေတစ်စီးကို စစ်ကောင်စီက ဖမ်းဆီးရမိထားကြောင်းသိရသည်။
ချောင်းသာကမ်းခြေ သဲဖြူကျွန်းအနီး ရေမိုင် ငါးမိုင်ခန့်တွင် စက်လှေတစ်စီးကို ဖမ်းဆီးစစ်ဆေးရာမှယခုကဲ့သို့ မူးယစ်ဆေးများ ဖမ်းဆီးရမိခြင်းဖြစ်သည်။
“ခုနောက်ပိုင်း ကုန်းလမ်းဘက်က တိုက်ပွဲတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ပိုများလာလို့ ပင်လယ်ရေလမ်းကြောင်းကပဲ သယ်ပို့တာများလာတယ်”ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများဖြစ်သည့် ရွှေသောင်ယံမြို့အမှတ်(၂)ရပ်ကွက်နေ အမျိုးသားတစ်ဦးနှင့် ငွေဆောင်မြို့ သဇင်ကျေးရွာနေ အမျိုးသား နှစ် ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဧရာ၀တီတိုင်းတွင် ယခုဖမ်းဆီးမှုသည် WYအများဆုံးဖမ်းဆီးရမိခြင်းဖြစ်ပြီး ယခင် က မူးယစ်ဆေးဝါးရောင်းချမှုများကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များမှစီမံချက်နှင့် ဖမ်းဆီးနေသော်လည်း ရောင်းချနေသူများကို ဖမ်းဆီးခြင်းမတွေ့ရပဲ၊အနည်းငယ် ၀ယ်ယူသုံးစွဲသည့် လူငယ်များကိုဖမ်းဆီးနေသည့်အတွက် ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုများဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
#ပုသိမ်မြို့နယ် #ချောင်းသာကမ်းခြေ #WYဆေးပြား #၂၆သိန်းကျော် #တင်ဆောင်ထားသော #စက်လှေတစ်စီး #ဖမ်းဆီး #Ayeyarwaddy_Times