ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

မဲလ်ဘုန်းမြို့တော်မှာပြုလုပ်တဲ့ အာဆီယံအစည်းအဝေးအပြင်ဘက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ က သြစတြေးလျအပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေက မြန်မာ့အရေးမှာ ကြားဝင်ဖျန်ဖြေပေးဖို့ တောင်းဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို မီးမောင်းထိုးပြတဲ့ ကြိုးပမ်းမှုတစ်ခုအဖြစ် ဆန္ဒပြသူတွေဟာ “Stop Myanmar’s military junta” ဆိုတဲ့ ဘန်နာတွေ ကိုင်ဆောင်ပြီး အစည်းအဝေးကျင်းပရာ မဲလ်ဘုန်း ကွန် ဗင်းရှင်းစင်တာအပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား ဒီမိုကရေစီအစိုးရကို ထောက်ခံပေးဖို့ တောင်းဆိုဖို့ရည်ရွယ်ကာ မဲလ်ဘုန်းမြို့ တော်က အလုပ်သမားသမဂ္ဂရုံးမှာ “မြန်မာပြည်သူ့ထိပ်သီးဆွေးနွေးပွဲ” မကျင်းပမီ ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာပါ။

မြန်မာပြည်သူတွေ ရုန်းကန်မှုဟာ လွတ်လပ်ရေးရရှိဖို့ ဆယ်စုနှစ်ချီ တိုက်ပွဲဝင်မှုကို ထင်ဟပ်စေခဲ့တယ်လို့ တီမောလက်စတေးဝန်ကြီးချုပ် Xanana Gusmao က ပြောပါတယ်။

“နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုအရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ မြန်မာပြည်သူတွေဟာ အထီး ကျန်မဆန်ဘူးဆိုတာ ကျွန်တော်တို့ သိရှိအောင်လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကို ပံ့ပိုးကူ ညီရပါမယ်” လို့ သူက ဆိုပါတယ်။

၃ နှစ်ကြာ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဟာ သောင်မတင်ရေမကျအခြေအနေကို ရောက်ရှိလာခဲ့ပြီလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ်ပီရိုမြက ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ် ၇၀ ကျော်မှာ စစ်တပ်အာဏာပိုင်တွေဟာ မြန်မာပြည်သူတွေကို စစ်ပုံသွင်းဖို့ ကြိုးစားခဲ့ပေ မယ့် အခုချိန်ထိ မအောင်မြင်ခဲ့ပါဘူး။ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းဖို့ ကြိုး ပမ်းခဲ့လို့ ပြည်တွင်းစစ် ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ဟာ အခုဆိုရင် ချောင်ပိတ်မိတဲ့အခြေအနေ ရောက်ရှိလာခဲ့ပါပြီ” လို့ ၎င်းက ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာပဋိပက္ခကို ဖြေရှင်းမယ့်ကြိုးပမ်းမှုတွေ အတူတကွ လုပ်ဆောင်ကြဖို့ ပီရိုမြက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သြစတြေးလျအစိုးရက မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျအစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ဘဏ်တွေနဲ့ မြန်မာစစ်တပ် ထံ လေယာဉ်ဆီထောက်ပံ့သူတွေ ပါဝင်ပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်တဲ့ မြန်မာစစ်ကောင်စီရဲ့ ဝင်ငွေရပေါက်တွေကို ကန့် သတ်ရမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ပြောပါတယ်။

ကိုးကား – Canberra Times
Ref; Protesters urge ASEAN to act on Myanmar

#Ayeyarwaddy_Times