ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

တနင်္လာနေ့က စတင်ခဲ့တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယားက တောင်းဆိုခဲ့ပြီး တန်ဖိုးကြီးကြီး ပေးဆပ်အောင် လုပ်ဆောင်သွားမယ်လို့ သတိပေးလိုက်ပါ တယ်။

မြောက်ကိုရီးယား အာဏာရပါတီ ရိုဒေါင်ဆင်မွန်ရဲ့ ယနေ့ထုတ်သတင်းစာက ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးရဲ့ ထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်ကိစ္စတစ်ခုလို့ ယူဆရတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေ ရဲ့ ပုံမှန် စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ “Freedom Shield” ကို မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်က ရည်ညွှန်းပါ တယ်။

ပြီးခဲ့တဲ့နှစ် စစ်ရေးလေ့ကျင့်မှုနဲ့ နှိုင်းယှဉ်ပါက မြေပြင်လေ့ကျင့်မှုအရေအတွက် နှစ်ဆရှိဖို့ အကြမ်းဖျင်း စီစဉ်ထားတဲ့ ဒီနှစ်ရဲ့ Freedom Shield ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံမှာ ၁၁ ရက်ကြာ ပြုလုပ် လျက်ရှိပါတယ်။

အဆင်အခြင်မဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် အတွင်း အပြင်းအထန် ရှုတ်ချပြီး ရန်လိုသောအပြုအမူတွေ ချက်ချင်း ရပ်တန့်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ကို သတိပေးလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ်က မတည်ငြိမ်သော လုံခြုံရေးအခြေအနေကို ထိရောက်စွာ ထိန်းချုပ်မယ့် စစ်ရေး လှုပ်ရှားမှုတွေ မြောက်ကိုရီးယားက လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပြီး အမေရိကန်နဲ့ တောင်ကိုရီးယား က မှားယွင်းသော ရွေးချယ်မှုအတွက် တန်ဖိုးကြီးကြီး ပေးအပ်ရမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် Freedom Shield ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစား Hwasong-17 ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ထိပ်တိုက်ရင်ဆိုင်လိုသော ရပ်တည်ချက်ကို ပြသမှုအဖြစ် တာတိုပဲ့ထိန်း ဒုံး ကျည်အများအပြားကိုလည်း ပစ်လွှတ်ခဲ့ပါသေးတယ်။

ကိုးကား – NHK
Ref; North Korea’s defense ministry demands halt to US-S.Korea military drills

#Ayeyarwaddy_Times