
ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
အင်္ဂါနေ့က လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီ အကြီးတန်းအရာရှိတစ်ဉီး တက်ရောက်ခဲ့ရာ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီရဲ့ ဆန္ဒတစ်ခုအ ဖြစ် ရှမြင်ကြပါတယ်။
အရေးပါသော အာဆီယံအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်တာ ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ စစ်ကောင်စီကိုယ်စားလှယ်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာရေးရာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဇော်နိုင်ဝင်းဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းမှာ စစ်ကောင်စီ အကြီးတန်း တာဝန်ရှိသူတစ်ဉီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေဟာ လာအိုနိုင်ငံ၊ လွမ်ပရာဘမ်မြို့တော်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာရ တဲ့ အရပ်သားတွေအတွက် အကူအညီပေးမယ့် လူသားချင်းစာနာမှုစင်္ကြံတစ်ခု ထူထောင်ဖို့ ထောက်ခံခဲ့ပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီက တက်ရောက်တာဟာ မြန်မာပြည် သူတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီး Sutin Klungsang က ကျိုဒိုသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
“စစ်ကောင်စီက အစည်းအဝေးကို တက်ရောက်တာဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနဲ့ အာဆီယံ နိုင်ငံတွေကြား သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှု တွေ ကျဉ်းမြောင်းစေပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar junta official attends Asean meeting